Connect with us

Hi, what are you looking for?

သတင်း

ကချင်အာဇာနည်နေ့ အခမ်းအနား SCEF၊ CRPHနဲ့ NUG တာဝန်ရှိသူတွေ တက်ရောက်

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

ဩဂုတ် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်အာဇာနည်နေ့ အခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး အခမ်းအနားသို့ ပေးပို့ခဲ့တဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ မိန့်ခွန်းပါ အချက်တွေကို ဖော်ပြခဲ့ပါတယ်။

ဩဂုတ် ၁၀ရက်မှာ ကျရောက်တဲ့ (၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့တဲ့ မိန့်ခွန်းမှာ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က NUG ၊ CRPH အပါအဝင် အခြား တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များ အတူတကွပူးပေါင်းပါဝင်သော SCEF ရဲ့ လုပ်ငန်းတွေမှာ KIO ပါဝင်လျက်ရှိတာကို အသိပေးခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားများအားလုံး မိမိ ကံကြမ္မာ မိမိတို့ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းမယ်လို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့ကြောင်း SCEF က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းနေတဲ့ အချိန်မှာ စစ်အာဏာရှင် စနစ် ခိုင်မြဲကြာရှည်နိုင်စေဖို့ ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေကြသူအားလုံး ယနေ့အချိန်မှစ ရပ်တန့်ပြီး အမှန်တရားဖက်မှာ ရပ်တည်ကြရမှာဖြစ်တယ်လို့လည်း KIO ဥက္ကဋ္ဌက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အာဇာနည်သူရဲကောင်းတို့ နဲ့ ကျန်ရစ်သူမိသားစုများရဲ့ ဆုတောင်းသံများကြောင့် တရားမျှတမှုအတွက် ပြန်လည်ပေးဆပ်ရမယ့် အချိန်ကာ်ဟာ စစ်တပ် ဒေါက်တိုင် ပူးပေါင်းကူညီသူတွေပေါ် ရေက်ရှိလာလိမ့်မယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက သတိပေးပြောကြားခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

ဒါ့အပြင် စစ်တပ်ကို KIO ဥက္ကဋ္ဌက သတိပေးခဲ့တဲ့ အချက် ၆ချက်ကိုလည်း SCEFက ထုတ်ပြန်ပါတယ်။

“စစ်ကောင်စီကိုလည်း နိုင်ငံရေးပြဿနာကြောင့် ပေါ်ပေါက်လာတဲ့ ပြဿနာကို နိုင်ငံရေးနှင့်ဖြေရှင်းရန်၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို အများပြည်သူလူထုက လက်မခံနိုင်တာကို ပြန်လည်သုံးသပ်ရန်၊ ပြုပြင်ဖို့ လိုအပ်သောကိစ္စရပ်များကို အချိန်မနှောင်းခင်၊ အချိန်တွေနောက်မကျခင်ပြုပြင်ရန်၊ ပြည်သူကို ပစ်မှတ်ထားခြင်းအကာအကွယ်ယူခြင်းများကို ရှောင်ရှားရန်၊ လူသားတိုင်း၏ အသက်ကို တန်ဖိုးထားရန် နှင့် စစ်မြေပြင်တိုက်ပွဲများတွင် စစ်ကျင့်ဝတ်ကို လိုက်နာဆောင်ရွက်ရန် သတိပေးထားသည်” လို့ SCEF ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခမ်းအနားကို ကချင် ၊ မြန်မာ နှစ်ဘာသာနဲ့ ကျင်းပခဲ့တာဖြစ်ပြီး SCEF ကောင်စီဝင်များ၊ CRPH တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး၊ SCEF ရဲ့ ညှိနှိုင်းရေးမှူး ဖြစ်သူ ဒေါက်တာဇော်ဝေစိုးနဲ့ NUG တာဝန်ရှိသူများတက်ရောက်ခဲ့တယ်လို့ အသိပေးပါတယ်။

KIO ဟာ SCEF အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်တဲ့အလျောက် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဟာလည်း SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ခေါင်းဆောင်တဦးဖြစ်ပါတယ်။ အဲဒီ စုဖွဲ့မှုမှာ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့အတူ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ကရင်နီ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ ချင်းCNF ဥက္ကဋ္ဌ ပူးဇင်ကျုံးတို့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook