Connect with us

Hi, what are you looking for?

သတင်း

ထိုင်းတောင်ပိုင်းက တိုက်ခိုက်မှုတွေအတွင်း မလေးရှားဖက် ကျေးရွာတွေပါ အထိတ်တလန့် ဖြစ်ခဲ့

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ နယ်မြေ မငြိမ်သက်မှုတွေ၊ တိုက်ခိုက်မှုတွေဟာ ပြည်နယ် ၃ ခုထဲက ခရိုင် ၂၁ ခုထိ ပျံ့နှံ့ ကူးစက်ခဲ့ပြီး ဒဏ်ရာရသူ ၃ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AFP

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ နယ်မြေ မငြိမ်သက်မှုတွေ၊ တိုက်ခိုက်မှုတွေဟာ ပြည်နယ် ၃ ခုထဲက ခရိုင် ၂၁ ခုထိ ပျံ့နှံ့ ကူးစက်ခဲ့ပြီး ဒဏ်ရာရသူ ၃ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရပါတယ်။

ထိုင်းတောင်ပိုင်းနဲ့ နယ်စပ်ချင်း ထိကပ်နေတဲ့ မလေးရှားဖက်ခြမ်းက ကျေးရွာတွေက ထိုင်းပိုင်နက်ထဲက ပေါက်ကွဲသံတွေ၊ ညအချိန် မီးလောင်မှုကြောင့် တောက်ပနေတဲ့ အလင်းရောင်တွေကို ကြားနေ၊ တွေ့နေရတယ်လို့ ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက ဩဂုတ် ၂၂ ရက်နေ့ ညပိုင်းက နိုင်ငံတောင်ပိုင်း ဒေသအနှံ့မှာ စနစ်တကျ ချိတ်ဆက် လုပ်ဆောင်တယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေဟာ နာရာသီဝတ်၊ ပတ္တနီနဲ့ ယာလာ ပြည်နယ်တွေထဲက ခရိုင်ပေါင်း ၂၁ ခုမှာ ဖြစ်ပွားခဲ့တာပါ။

တိုက်ခိုက်မှုတွေထဲမှာတော့ ပစ်ခတ်မှု၊ လက်နက်ကိုင် လုယက်မှု၊ အဆောက်အအုံတွေနဲ့ ယာဉ်တွေကို မီးရှို့ဖျက်ဆီးမှု၊ ကားယာယာတွေကို မီးရှို့မှုစတဲ့ ပုံစံတွေ ပါဝင်ခဲ့ပါတယ်။ အဲဒီ ဆူပူလှုပ်ရှားမှုတွေကြောင့် အရပ်သား ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့သလို အစိုးရရုံး အဆောက်အအုံတွေ၊ အစိုးရပိုင် ယာဉ်တွေနဲ့ ဖုန်းတာဝါတိုင်တွေ ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့နောက် ထိုင်းအစိုးရဟာ နယ်စပ်ဒေသတွေမှာ လုံခြုံရေး အစီအမံတွေ တိုးမြှင့်ထားသလို ရပ်ရွာတွေထဲမှာ စစ်တပ်က စတင်ကင်းလှည့်နေပါတယ်။ တိုက်ခိုက်မှုတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တဲ့ နာရာသီဝတ်မှာတော့ ည ၁၀ နာရီကနေ မနက် ၆ နာရီထိ ညမထွက်ရ အမိန့်ကိုပါ ထုတ်ပြန်ထားလိုက်ပါတယ်။

ဒေသခံ ပြည်သူတွေ အနေနဲ့ လတ်တလောမှာတော့ အတတ်နိုင်ဆုံး အိမ်ပြင် မထွက်ကြဖို့၊ တာဝန်ရှိသူတွေဆီက ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့ ထိုင်းအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းဟာ ခွဲထွက်ရေး တောင်းဆိုတဲ့ လက်နက်ကိုင် ပြောက်ကျားအဖွဲ့တွေ ၂၀၀၄ ခုနှစ်လောက် ကတည်းက လှုပ်ရှားခဲ့တဲ့ ဒေသဖြစ်ပါတယ်။ အရင်ကလည်း အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ ဌာနတွေ၊ အမှုထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုးတွေ ထိုင်းတောင်ပိုင်းမှာ ရံဖန်ရံခါ ဖြစ်ပွားခဲ့ဖူးပါတယ်။

ဇူလိုင် ၂၂ ရက်နေ့တုန်းကလည်း နာရာသီဝတ်က လုံခြုံရေးဂိတ် တစ်ခုကို သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ပြီး ဗုံးတွေပါ ခွဲခဲ့လို့ ထိုင်းစစ်သား ၅ ဦး သေဆုံးပြီး လက်နက်တွေ လုယက်ယူဆောင်သွားတာ ခံခဲ့ရပါတယ်။

ဩဂုတ် ၂၂ ရက်ညပိုင်း တိုက်ခိုက်မှုတွေမှာတော့ နယ်စပ်တစ်ဖက်ခြမ်းက ပေါက်ကွဲသံတွေ ဆူညံလို့ မလေးရှားဖက်က ရွာသားတွေပါ အထိတ်တလန့် ဖြစ်ခဲ့တယ်လို့ မျက်မြင်တစ်ဦးဖြစ်တဲ့ မာလစ် ဇူလ်ကာနီယန်က ပြောပါတယ်။

အသံတွေက ကျယ်လွန်းတဲ့အပြင် လျှပ်စီးလက်သလိုမျိုး ခဏခဏ လင်းသွားတာတွေကိုလည်း အမှောင်ထဲမှာ လှမ်းမြင်နေရကြောင်း၊ ပေါက်ကွဲသံ တစ်ခါကြားတိုင်း အိမ်တွေပါ တုန်သွားကြောင်း၊ ဘာတွေ ဖြစ်နေမှန်း မသိခဲ့လို့ အားလုံး တံခါးတွေ အလုံပိတ်ပြီး အခြေအနေကို စောင့်ကြည့်ခဲ့ရကြောင်း သူက ဆိုပါတယ်။

ထိုင်းအစိုးရကတော့ ဒေသတွင်းမှာ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အစီအမံတွေ ဆက်လက် ဆောင်ရွက်နေဆဲလို့ ကြေညာထားပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

သတင်း

မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့တဲ့ မလေးရှား အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုအရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး(အာဆီယံ)ရဲ့လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ မလေးရှားရောက်မြန်မာတွေ တစ်ရက်တာအလုပ်နားပြီး သပိတ်မှောက်လှုပ်ရှားမှုပြုလုပ်ကြဖို့ မြန်မာ့အရေးမဟာမိတ်အင်အားစု (Myanmar Affairs Alliance - MAA) က တိုက်တွန်းထားပါတယ်။

သတင်း

မြန်မာဆီ ဒုက္ခသည်တွေ ပြန်ပို့နေတာကို ရပ်တန့်ဖို့မလေးရှားအစိုးရကိုကုလသမဂ္ဂ (UN)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပညာရှင်တစ်ဦးလည်းဖြစ် ၊မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး အခြေအနေ အထူးအစီရင်ခံစာကို တင်သွင်းရသူလည်းဖြစ်တဲ့ ကယ်လီအီးကာရီကတောင်းဆိုလိုက်ပါတယ်။

Facebook