Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထောင်ကျနေတဲ့ တောင်ကိုရီးယား သမ္မတဟောင်း ပက်ခ်ဂွမ်ဟေး လွတ်ငြိမ်းချမ်းသာခွင့်ရ

အခုနှစ်ဆန်းပိုင်းမှာ တောင်ကိုရီးယား တရားရုံးချုပ်က ပက်ခ်ရဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံထားရမှု အမိန့်ကို ဆက်လက် တည်မြဲစေဖို့ ဆုံးဖြတ်ခဲ့ပေမယ့် လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်တဲ့ အခွင့်အရေးကိုတော့ အသိအမှတ် ပြုခဲ့ပါတယ်။

အဂတိမှုနဲ့ ထောင်ကျနေတဲ့ တောင်ကိုရီးယား သမ္မတဟောင်း ပက်ခ်ဂွမ်ဟေးကို လက်ရှိ သမ္မတ မွန်းဂျေအင်းက လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ကြောင်း သိရပါတယ်။

တောင်ကိုရီးယား တရားရေး ဝန်ကြီးဌာနက သမ္မတဟောင်း ပက်ခ်ဟာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူတွေ စာရင်းမှာ ပါဝင်လာကြောင်း ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်ပါတယ်။ ပက်ခ်ဟာ တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ၊ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ရွေးချယ် တင်မြှောက် ခံထားရတဲ့ သမ္မတတွေထဲမှာ ရာထူးလက်ရှိကနေ ပထမဆုံး ဖြုတ်ချ ခံရတဲ့ သမ္မတအဖြစ် မှတ်တမ်း ဝင်ခဲ့သူပါ။

အသက် ၆၉ နှစ်အရွယ် ပက်ခ်ဟာ ၂၀၁၇ မှာ တရားရုံးချုပ်ရဲ့ အမိန့်နဲ့ သမ္မတ ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။ ပက်ခ်ဟာ သူငယ်ချင်း တစ်ဦးနဲ့ ဆက်စပ်ပြီး အဂတိမှုတွေ ကျူးလွန်ခဲ့ကြောင်း တရားရုံးက စစ်ဆေး ဖော်ထုတ်ခဲ့ပြီး သူကိုယ်တိုင်ကတော့ ဘာအမှားမှ မရှိခဲ့ဘူးလို့ အခိုင်အမာ ငြင်းဆန်ခဲ့ပါတယ်။

အခုနှစ်ဆန်းပိုင်းမှာ တောင်ကိုရီးယား တရားရုံးချုပ်က ပက်ခ်ရဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံထားရမှု အမိန့်ကို ဆက်လက် တည်မြဲစေဖို့ ဆုံးဖြတ်ခဲ့ပေမယ့် လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်တဲ့ အခွင့်အရေးကိုတော့ အသိအမှတ် ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားမှာ သမ္မတမွန်းရဲ့ ရာထူးသက်တမ်း ကုန်ဆုံးချိန် နီးကပ်လာပြီး သမ္မတသစ် နေရာအတွက် အကြိတ်အနယ် အားပြိုင်မှုတွေ ရှိနေချိန်မှာ ပက်ခ်က လွတ်ငြိမ်းချမ်းသာခွင့် ရလာခဲ့တာပါ။ ပက်ခ်မတိုင်ခင်က သမ္မတ ဖြစ်ခဲ့တဲ့ လီမြောင်ဘက်ခ်ကလည်း အဂတိမှု စွဲချက်တွေနဲ့ ထောင်ကျနေပေမယ့် လွတ်ငြိမ်းချမ်းသာခွင့် စာရင်းထဲမှာတော့ ပါမလာခဲ့ပါဘူး။

သမ္မတ မွန်းအနေနဲ့ ပက်ခ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း ထောက်ခံဆွေးနွေးမှုတွေ အားကောင်းလာခဲ့တဲ့နောက် အခုအခြေအနေ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာပါ။ အထူးသဖြင့် အတိုက်အခံ ပြည်သူ့စွမ်းအား ပါတီက ပက်ခ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အဓိက တောင်းဆိုခဲ့ပါတယ်။

အတိုက်အခံ အမတ်တွေက ပက်ခ်ဟာ ထောင်ထဲမှာ ရှိနေစဉ် အတောအတွင်း ကျန်းမာရေး အခြေအနေ ယိုယွင်းလာပြီး ပခုံးခွဲစိတ်မှု တစ်ကြိမ်လည်း ခံယူခဲ့ရကြောင်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။