Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ထားရှိရေး အမေရိကန်နဲ့ ထိုင်ဝမ်မှာ ဆန္ဒဖော်ထုတ်

အမေရိကန်နဲ့ ထိုင်ဝမ်နိုင်ငံရောက်ရောက်မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Taiwan Alliance for Myanmar

စက်တင်ဘာ ၂၁၊၂၀၂၆။သုည/People’s Spring

အမေရိကန်နဲ့ ထိုင်ဝမ်နိုင်ငံရောက်ရောက်မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို မြို့တော်ခန်းမရှေ့မှာ ပြည်ပရောက်တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် စုပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်သူတွေက ဦးကျော်မိုးထွန်းကို အပြည့်အဝ ကိုယ်စားပြုခွင့်ရှိတဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုဖို့၊ အာဏာပိုင်အဖွဲ့ကိုယ်စား တင်သွင်းလာတဲ့ သံတမန်ခန့်အပ်လွှာတွေကို ငြင်းပယ်ဖို့ တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ကုလသမဂ္ဂကိုယ်စားပြုနေရာကို အလွတ်ထားခြင်း (သို့) ဆုံးဖြတ်ချက်မချဘဲ ဆက်လက်ထားရှိခြင်း မပြုဖို့နဲ့ ၂၀၂၁ ကတည်းက ကျင့်သုံးလာတဲ့အတိုင်း မဲခွဲဆုံးဖြတ်ခြင်းမပြုဘဲ တူညီဆန္ဒနဲ့ ဆုံးဖြတ်ဖို့ကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံမှာလည်း ပြည်ပရောက်မြန်မာတွေက စုပေါင်းပြီး “ငါတို့ သံအမတ် – ငါတို့ အသံ Our Ambassador – Our Voice” စာသားနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဆက်ရှိနေစေဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆက်လက် အသိအမှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးတွေမှ နိုင်ငံတကာရောက် နွေဦးတော်လှန်ရေးမိသားစုတွေက ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဝေးကွာလှတဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေရဲ့ တင်းမာမှုဟာ နယူးယောက်မြို့လယ်ပန်းခြံကြီး(Central Park)နဲ့ ဘလောက် တစ်ဝက်စာလောက်အကွာ၊ သဲကျောက်တွေနဲ့ ဆောက်လုပ်ထားရာ လူနေတိုက် တစ်လုံးအထိ ကူးစက် ရောက်ရှိနေပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2026 လှုပ်ရှားမှုအနေနဲ့ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေရဲ့ လူ‌ထုထောက်ခံချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်း

သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့မှာပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီကနေ့ (စက်တင်ဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။