Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက သံဃာတော်တွေကို UID နံပါတ်ထုတ်ပေးပြီး ထိန်းချုပ်ဖို့ စီစဥ်

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

(မန္တလေးမြို့က သံဃာသမဂ္ဂသပိတ်စစ်ကြောင်း။ ဓါတ်ပုံံ-CJ)

စက်တင်ဘာ ၂၃၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သာသနာဝင်၊သာသနာနွယ်ဝင်တွေကို e-ID စနစ်ရဲ့ အခြေခံဖြစ်တဲ့ Unique ID (Unique Identification Number) (ဂဏန်း ၁၀ လုံးပါ အမျိုးသားအဆင့် စိစစ်ရေးနံပါတ်) ထုတ်ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တိုင်းသံဃနာယကအဖွဲ့ထံ လျှောက်ထားလိုက်တာပါ။

အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနရဲ့ စက်တင်ဘာ ၁၇ ရက်စွဲပါ ညွှန်ကြားချက်အရ မန္တလေးတိုင်း လဝက ရုံးက စက်တင်ဘာ ၁၉ ရက်နေ့မှာ တိုင်းသံဃနာယကဆရာတော်ကြီးတွေထံ အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပြီး၊ လိုအပ်တာတွေ ပံ့ပိုးပေးဖို့ မြို့နယ် သံဃနာယကအဖွဲ့တွေကို ညွှန်ကြားပေးဖို့ပါ တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ UID စနစ်ကိုသုံးပြီး ပြည်သူတွေရဲ့ သွားလာမှု၊ ငွေကြေးသုံးစွဲမှု၊ ဆက်သွယ်ရေးနဲ့အချက်အလက်တွေကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်ထိန်းချုပ်ဖို့ အဓိက ဦးတည်အသုံးချနေတာ ဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။

​စစ်ကောင်စီဟာ ဒီ e-ID နဲ့ Unique ID စနစ်ကို အသုံးပြုပြီး ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို တင်းကျပ်စွာ စောင့်ကြည့် ထိန်းချုပ်နေသလို ခုလို သံဃာထုဆီပါ တိုးချဲ့လာတာဟာ သံဃာတော်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကိုပါ စောင့်ကြည့်စိစစ် ဖိအားပေးဖို့ ရည်ရွယ်တာဖြစ်ကြောင်း သံဃာအချို့က မိန့်ပါတယ်။

“သက်သက် အနိုင်ကျင့်ဗိုလ်ကျဖို့ အရေးတွေ လုပ်နေကြတာပါ။ သာသနာမှတ်ပုံတင်တောင် လုပ်မပေးနိုင်တဲ့ မြို့နယ်သံဃာ့နာယကတွေ။ အခုက မြို့နယ်သံဃာ့နာယကတွေလို့သာ အမည်တပ်ခံရတာရယ်။ တံဆိပ်တုံးတွေဆို စစ်တပ်လက်အောက်ခံ ထွေအုပ်ရုံးတွေဆီမှာ ထားရတာ။ကကြိုးရုပ်တွေရယ်။ အဓမ္မ စစ်သားစုဆောင်းဖို့ လက်ကိုင်တုတ်အဖြစ် သုံးဖို့ပဲ ဖြစ်မှာပါ”လို့ ချောင်းဦးမြို့နယ်က သပိတ်ဆရာတော်က မိန့်ကြားပါတယ်။

လက်ရှိ မန္တလေးတိုင်းက ညွှန်ကြားစာတစ်ခုသာ ထွက်ပေါ်လာတာဖြစ်ပေမဲ့ တစ်နိုင်ငံလုံးက ရဟန်းသံဃာတွေအကုန်လုံး ပြုလုပ်ရမှာဖြစ်ကြောင်း သိရပါတယ်။

​လဝကရဲ့ စာထဲမှာတော့ ဘုန်းကြီးနဲ့ သီလရှင်တွေအနေနဲ့ နိုင်ငံကူးလက်မှတ် (Passport) လျှောက်တာ၊ ပြည်ပမှာ ဆေးကုတာ၊ ဘုရားဖူးထွက်တာနဲ့ ဘဏ်လုပ်ငန်းသုံးတာစတဲ့ ကိစ္စတွေမှာ အဆင်ပြေအောင် လုပ်ပေးတာလို့ အကြောင်းပြထားပါတယ်။

ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ဟာ အသက် ၁၀ နှစ်အထက် လူတိုင်းရဲ့ ကိုယ်ရေးအချက်အလက် (Biographical Data) နဲ့ မျက်လုံးစကင်၊ လက်ဗွေ စတဲ့ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) တွေကို ကောက်ယူကာ Database စနစ်ထဲ ထည့်သွင်းတာ ဖြစ်ပါတယ်။

Unique ID ကို စိစစ်ရေးကတ်တွေ၊ ပတ်စပို့တွေ၊ ဖုန်း SIM ကတ်တွေ၊ ဘဏ်အကောင့်တွေမှာ မဖြစ်မနေ ချိတ်ဆက်ခိုင်းခြင်းဖြင့် လူတစ်ဦးချင်းစီရဲ့ ခရီးသွားလာမှု၊ ငွေကြေးစီးဆင်းမှုနဲ့ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေအတွက် လူငယ်တွေရဲ့အသက်၊ နေရပ်လိပ်စာနဲ့ အခြားအချက်အလက်တွေကို Unique ID ဒေတာဘေ့စ်မှတစ်ဆင့် လွယ်ကူစွာ စိစစ်ပြီး အတင်းအကြပ် စစ်မှုထမ်းခိုင်းဖို့ ပစ်မှတ်ထား ရှာဖွေရာမှာ အသုံးချနေတယ်လို့ သိရပါတယ်။

အလားတူ CDM ဝန်ထမ်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ်သူတွေရဲ့ Unique ID၊ ဘဏ်အကောင့်တွေကို ပိတ်သိမ်းတာ၊ မြို့ဝင်/ထွက် ဂိတ်တွေနဲ့ လေဆိပ်တွေမှာ Unique ID မှတစ်ဆင့် ကိုယ်ရေးအချက်အလက် စစ်ဆေးပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook