စက်တင်ဘာ ၂၅၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ သပိတ်အင်အားစုဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေက ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်ရှိစေရေးအတွက် ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၂၅) ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက “Our UN Ambassador U Kyaw Moe Tun The True Voice of Myanmar”၊ “ငါတို့ရဲ့ သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့ အသံဖြစ်သည်” ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆက်လက် အသိအမှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးတွေမှ နိုင်ငံတကာရောက် နွေဦးတော်လှန်ရေးမိသားစုတွေနဲ့ ပြည်တွင်းမှ တော်လှန်ပြည်သူတွေက ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

Public Service Announcement



















































