စက်တင်ဘာ-၂၆-၂၀၂၆။ကတ်သရင်း/ People’s Spring
မြင်းခြံခရိုင်အတွင်းမှာ ခရီးသည် တွေကို လုယက်ဓါးပြတိုက်တာ ၊အုပ်စုဖွဲ့ ဓမ္မပြုကျင့်နေတဲ့အဖွဲ့ကို PDF တွေ၊ပကဖတွေကဖမ်းဆီးနိုင်ခဲ့ပြီး ကျူးလွန်သူတချို့ဟာ ပျူစောထီးအဖွဲ့ထဲ ဝင်ရောက်သွားကာ လွတ်မြောက်နေသူတွေလည်းရှိတယ်လို့ မြင်းခြံခရိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
မြင်းခြံခရိုင်အတွင်းက မြင်းခြံ- တောင်သာလမ်း၊ညောင်ဦး- မြင်းခြံလမ်းတို့မှာ သေနတ်အတုဖြင့် ခရီးသွားပြည်သူတွေရဲ့ကား၊ဆိုင်ကယ် တွေကို အုပ်စုဖွဲ့လုယက်တာ၊အမျိုးသမီးငယ်တွေကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်တာတွေလုပ်ခဲ့တဲ့ဓားပြအဖွဲ့ဝင် ၄ဦးကို တော်လှန်ရေးအဖွဲ့တွေကဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
သူတို့က အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု၁၁မှု၊ဓားပြတိုက်လုယက်မှု ၅၁ မှုတိုင် ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
ကျန်နေသူတွေကို လိုက်လံဖမ်းဆီးဖို့လုပ်ချိန် စစ်တပ်လက်အောက်ခံပျူစောထီးအဖွဲ့အတွင်း ဝင်ရောက်သွားတာကြောင့်မဖမ်းဆီးနိုင်သေးတဲ့ လူတချို့လည်းရှိတယ်လို့ မြင်းခြံခရိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
“ဖမ်းမိတာတလနီးပါးရှိပြီ။နောက်ဆက်တွဲဖမ်းဆီးမှု တွေကို တောင်သာမြို့နယ်ပလဖ ဘက်ကိုလွှဲလိုက်တာပါ။တရားခံလွှဲပြောင်းမှု တွေပါလုပ်ခဲ့တယ်။ဒီလူတွေက လုယက်မှု တွေအများကြီးကိုလုပ်ခဲ့တာဗျ”လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။
အုပ်စုဖွဲ့ဓားပြတိုက်မှု ကျူးလွန်သူ တွေဟာသီဟနိုင်၊ ဂျွန်စိုး၊ဖိုးသား၊လပြည့်၊ငသန့်၊ရဲရင့် အောင်၊လပြည့်အောင်၊ရာကျော်၊သိမ့်သိမ့်မိုး၊သင်းသင်းမွှေး တို့ဖြစ်တယ်လို့ဖော်ပြပါတယ်။
အဲဒီအထဲက အဖွဲ့တင်ဝင်တချို့ဖမ်းမိထားပြီဖြစ်ပြီး ကျန်အဖွဲ့ဝင်၅ဦးလွတ်မြောက် နေဆဲဖြစ်ပါတယ် ။ဒါ့အပြင်သူတို့ထဲက ရဲရင့်အောင်ဆိုသူဟာ စစ်တပ်လက်အောက်ခံပျူစောထီးအဖွဲ့ထဲဝင် ရောက်သွားတယ်လို့ သိရပါတယ်။
၎င်းတို့ကျူးလွန်ခဲ့တဲ့ အမှု တွေဟာ ဒေသခံပြည်သူတွေ ကြား လူသိမျာား ခဲ့တဲ့ ခရီးသည်တင် ကား( Express ကား) ဓားပြတိုက်မှု၊ကား ပေါ်မှာ မိန်းကလေးငယ်ကိုလည်း အဖွဲ့ဝင် ၃ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်တာမျိုးတွေလည်းပါဝင်ကာတယ် ။
ဒါ့အပြင် ၂၀၂၆ခုနှစ်၊ဩဂုတ်လမှာလည်း စက်ခါးရွာနဲ့ သံမဏိစက်ရုံကြားမှာ အမျိုးသမီးတဦးစီးလာတဲ့ဆိုင်ကယ်ကို လုယက်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖမ်းမိသူ တွေကထွက်ဆိုထားပါတယ်။
ဒါ့အပြင် တပင်ကန်ရွာအနီးမှာလည်း Light Truckကား ပေါ်ပါလာသူ အမျိုးသမီး၄ဦးကို ဂျွန်စိုး၊ဖိုးသား၊ငသက်၊လပြည့် ဆိုသူတို့က အဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။
မြင်းခြံခရိုင်ကို ၂၀၂၅ခုနှစ် ဩဂုတ်လမှာ အင်အား ၄,၀၀၀ကျော်သုံးပြီးစစ်တပ်ကလမ်းပိုင်းတချို့ကို စိုးမိုးနိုင်ခဲ့ပါတယ် ။အဲဒီနောက်ပိုင်းမှာဓားပြတိုက်မှု တွေ ဆက်တိုပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ပြည်သူတွေကို ဓါးပြတိုက် ၊ အဓမ္မပြုကျင့်တာတွေများလာတာကြောင့် တော်လှန်ရေး တပ်တွေက ပူးပေါင်းဖမ်းဆီးခဲ့လုပ်တာမှာ တောင်သာမြို့နယ် ရသစ်ရွာမှာ နေထိုင်တဲ့ ဓားပြတိုက်သူတချို့ကို ကနဦးဖမ်းဆီးမိပြီး နောက်ဆက်တွဲဖမ်းဆီးမှု တွေလုပ်ခဲ့တာလို့ သိရပါတယ်။


















































