Connect with us

Hi, what are you looking for?

သတင်း

ခေါဇာမြို့က ခလရ(၃၁)တပ်ရင်း ဂိတ်ကို မွန်တပ် MSRF တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) တပ်ရင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

(မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MSRF)

အောက်တိုဘာ ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) တပ်ရင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၉ရက်ည သန်းခေါင်လောက်မှာ ခလရ(၃၁)တပ်ရင်း အဝင်ဂိတ်ကို MSRF တပ်ခွဲ(၁) ရဲဘော်တွေက ၁၅ မိနစ်ကြာ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

တိုက်ခိုက်မှုအပြီး တော်လှန်ရေးရဲဘော်တွေ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ပြီး စစ်တပ်ရဲ့ ထိခိုက်သေဆုံး အခြေအနေတွေ စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“ MSRF အနေနဲ့ကတော့ စစ်ကောင်စီတပ်ကို အခါအခွင့်သင့်ရင် သင့်သလို ပြောက်ကျားစစ်ဆင်ရေးတွေ ဖော်ဆောင်တာမျိုးရှိတယ်။ စစ်တပ်ဘက်ကတော့ လေယာဉ်နဲ့ ဗုံးကြဲတာမျိုးပေါ့ ကျမတို့ တော်လှန်ရေးတပ်တွေဘက်ကို လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဆက်တိုက်ရှိတယ်။ဆိုတော့ ရေးမြောက်ပိုင်းမှာ ဆိုရင် စစ်ကြောင်းထိုးတာ စစ်ကြောင်းနဲ့ လှုပ်ရှားသွားလာနေတာမျိုးတော့ အမြဲတမ်းရှိတဲ့ အနေထားမှာ ရှိပါတယ်။” လို့ MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောပါတယ်။

MSRF အနေနဲ့ စစ်တပ်ကို တိုက်ခိုက်ရာမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတာလည်းရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) နဲ့ MSRF တို့ဟာ ညီနောင်မဟာမိတ် အဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒေသတွင်းမှာ ဗျူဟာ (၃၃) တပ်အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး MSRFက စစ်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်။

ဩဂုတ်လအတွင်းကလည်း ရေးမြု့နယ်မြောက်ပိုင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ MSRF ပါဝင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိကြောင်း ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၂ဦးလည်း ကျဆုံးခဲ့ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားပြည်သူလူထုရဲ့ စုပေါင်းအားဖြင့်သာ စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မှာ ဖြစ်လို့ ခိုင်မာသော တပ်ပေါင်းစုတပ်ရပ် ပေါ်ပေါက်ရေးအစဉ် ကြိုးပမ်းနေကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)/ရာမညမွန်တပ်တော် က ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက်(ခလရ-၃၁)ကာကင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အာဏာသိမ်းစစ်တပ်ဟာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်ပြီး လတ်တလော စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိသေးတဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေကို ဝင်ရောက်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ မွန်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook