Connect with us

Hi, what are you looking for?

သတင်း

ရှေးဟောင်းမြို့တော်ပုဂံမှာ မိုးများလို့ ရေကြီးနေ

မန္တလေးတိုင်း၊ ရှေးဟောင်းမြို့တော်ပုဂံဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ပုဂံမြို့သစ်တနေရာမှာ ရေကြီးရေလျှံနေစဥ်။ ဓါတ်ပုံံ-CJ)

အောက်တိုဘာ ၁၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ရှေးဟောင်းမြို့တော်ပုဂံဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ (အောက်တိုဘာ ၁၂ ရက်) မနက်ပိုင်းက ညောင်ဦးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ပုဂံမြို့သစ်က ချောင်းရေလျှံပြီး ပြေစု၊ ရွာသစ်၊ ကိုးလုံးအပါအဝင် ရပ်ကွက် ၄ ခုခန့် ရေဝင်ရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပုဂံမြို့သစ်က ဖွားစောကျေးရွာအုပ်စု၊ ညောင်ဦး-ပုဂံမြို့သစ်လမ်းမှာ မိုးရေတွေကျော်ခဲ့ပြီး ကျန်စစ်သားရပ်ကွက်၊ ကျော်စွာရပ်ထဲမှာလည်း ရေဝင်ရောက်ခဲ့တာကြောင့် အိမ်ခြံစည်းရိုးအုတ်တံတိုင်း ပေ ၅၀ လောက် ပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ခုနေ့ခင်းတော့ ရေပြန်ကျသွားပြီ။ ရပ်ကွက်ထဲကလမ်းတွေတော့ ပျက်စီးတာတွေရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေကြီးရေလျှံတာဟာ ပုဂံမြို့သစ်ဘက်မှာဖြစ်ပြီး ဘုရားတွေရှိတဲ့ ပုဂံမြို့ဟောင်းဘက် မဟုတ်တဲ့အတွက် ဘုရားတွေပြိုကျမှုအန္တရာယ် စိုးရိမ်စရာမရှိကြောင်း ဒေသခံအချို့က ပြောပါတယ်။

လာမယ့် သီတင်းကျွတ်ကာလအတွက် ပုဂံမှာ ဟိုတယ်တွေအများစု ကြိုတင်မှာယူထားသူတွေနဲ့ ပြည့်နေပြီဖြစ်ပြီး အဲဒီရက်တွေမှာ မိုးများပြီး သွားလာလို့မရမှာကို စိုးရိမ်နေကြောင်း ခရီးသွားဖို့ ပြင်ဆင်နေသူအချို့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ဒီကနေ့ အောက်တိုဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ မိုးလေဝသခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့ရာမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်​ပြီး ထိုင်းပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ လေစိုင်ဝဲရဲ့ အရှိန်ကြောင့် အောက်တိုဘာ၁၃ ရက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း (၁)ခု ဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။

အဲဒါကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်းတဲ့ ကချင်ပြည်နယ်မှာတော့ မိုးရွာသွန်းမှု လျော့နည်းသွားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယူနက်စကိုစာရင်းဝင် ‌‌ရှေးဟောင်းမြို့တော်ပုဂံဒေသမှာ လာမယ့်သီတင်းကျွတ်ကာလ မီးပုံးပျံ ၃၀၀၀ဝ လွှတ်မယ့်အစီအစဥ်ဟာ ရှေးဟောင်းအမွေအနှစ်တွေအတွက်အန္တရာယ်ရှိနေကြောင်း ရှေးဟောင်းအ​မွေအနှစ်ထိန်းသိမ်း​ရေးပညာရှင်နဲ့ ​ဒေသခံ​တွေက ဝေဖန်ထားပါတယ်။

သတင်း

နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကစစ်ထောက်လှန်းရေးမှာလူသိများတဲ့ ဗိုလ်မှူးကြီးစန်းပွင့်ရဲ့ကျေးရွာဖြစ်တဲ့ ဇကကျေးရွာကို စစ်တပ်စစ်ကြောင်းထိုးပြီး ရွာသား ၂ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ပိတ်မိနေသူတွေရှိတာကြောင့် ကူညီကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေဟုဆို

နိုင်ငံတကာ

ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ နီပေါ ဝန်ကြီးချုပ်က တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံကြား ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုကြီးဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးအတွက် သတိပေးမှု တစ်ခုလို့ ပြောကြားသွားပါတယ်။

Facebook