Connect with us

Hi, what are you looking for?

ဗီဒီယို

“စစ်ကောင်စီအောက်မှာမနေချင်ဘဲ ထွက်ပြေးချင်တဲ့သူအများကြီးရှိတယ်”

လာရောက်ပူးပေါင်းတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာအများစိုးရိမ်နေကြသလို လက်ရှိအချိန်ထိ စုံစမ်းထောက်လှမ်းတဲ့သူမပါဘူးလို့လည်းပြောပါတယ်။

KNU တပ်မဟာ ၅ နယ်မြေကို လာရောက်ပူးပေါင်းတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါးထိရှိလာ

စစ်အာဏာသိမ်းတဲ့ဖေဖော်ဝါရီလ ၁ ရက်ကစတင်ပြီး ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်အထိ ၁၀ ကျော် ကာလအတွင်း KNU တပ်မဟာ ၅ နယ်မြေကို လာရောက်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးရေဟာ ၄၉ ဦးရှိတယ်လို့ တပ်မဟာ ၅ ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စောအယ်ဒို ကပြောလိုက်ပါတယ်။

ဒီလို လာရောက်ပူးပေါင်းကြတဲ့သူတွေကို မေးမြန်းကြည့်ရာမှာ တိုင်းပြည်ကို မကာကွယ်ဘဲ ပြည်သူလူထုကို တိုက်ခိုက်ရမယ့်အလုပ်မျိုးမလုပ်ချင်လို့ ထွက်ပြေးလာကြတာလို့ ပြောတဲ့အကြောင်း တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူက ပြန်ပြောပြပါတယ်။

လာရောက်ပူးပေါင်းတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာအများစိုးရိမ်နေကြသလို လက်ရှိအချိန်ထိ စုံစမ်းထောက်လှမ်းတဲ့သူမပါဘူးလို့လည်းပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ထဲမှာ မိသားစုထံပြန်လိုတဲ့သူတွေကို ခရီးစရိတ်ထုတ်ပေးတာမျိုးရှိသလို၊မပြန်တော့ဘဲ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်တဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း စစ်ခေါင်းဆောင်တွေကို ကာကွယ်ပေးတာမျိုးဆက်မလုပ်လိုတော့ဘဲ CDM လုပ်ချင်တာ ဒါမှမဟုတ် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းချင်တယ်ဆိုရင် စီစဉ်ပေးလို့ရတယ်လို့ တပ်မဟာ ၅ ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စောအယ်ဒို ကပြောပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook