Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရိုဟင်ဂျာ လှေစီး ဒုက္ခသည်တွေကို အင်ဒိုနီးရှား လက်မခံဘဲ မလေးရှားဖက် စေလွှတ်

ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ဒီယန် ဆာယန်ရှားက ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှား နိုင်ငံသားတွေ မဟုတ်ကြောင်း၊ သူတို့ကို ဒုက္ခသည်ပါလို့ ခပ်လွယ်လွယ် သတ်မှတ်ပြီး လက်ခံလိုက်ဖို့ မဖြစ်နိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ၁၀၀ လောက်ကို အင်ဒိုနီးရှားက လက်မခံဘဲ မလေးရှား နိုင်ငံဖက် ထွက်ခွာစေခဲ့ကြောင်း သိရပါတယ်။

အာချေးပြည်နယ် ကမ်းလွန်မှာ သစ်သားလှေ တစ်စီးနဲ့ မျောပါလာပြီး ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှား ကမ်းခြေစောင့်တပ်က ကြားဖြတ် ဟန့်တားခဲ့ပါတယ်။ လှေပေါ်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ် အများစု လိုက်ပါလာတယ်လို့လည်း ကမ်းခြေစောင့်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

အာဏာပိုင်တွေက ရိုဟင်ဂျာ မျိုးနွယ်စုတွေရဲ့ လှေကို ကမ်းကပ်ခွင့် မပေးဘဲ ပင်လယ်ဖက်ကို ပြန်လည် ဆွဲယူပြီး မလေးရှား ရေပိုင်နက်ဖက် ထွက်ခွာစေခဲ့တယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေကို ပိုမို အကူအညီပေးဖို့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေက တောင်းဆိုနေပေမယ့် အင်ဒိုနီးရှားကတော့ ရိုဟင်ဂျာတွေကို လက်မခံဘဲ လိုအပ်တဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေ၊ လောင်စာဆီတွေ၊ အဝတ်အစားတွေ ပေးကမ်းပြီး ပြန်နှင်လွှတ်လေ့ ရှိပါတယ်။

ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ဒီယန် ဆာယန်ရှားက ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှား နိုင်ငံသားတွေ မဟုတ်ကြောင်း၊ သူတို့ကို ဒုက္ခသည်ပါလို့ ခပ်လွယ်လွယ် သတ်မှတ်ပြီး လက်ခံလိုက်ဖို့ မဖြစ်နိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာတွေ ပါလာတဲ့ လှေကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်လောက်မှာ စတင် ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။ အဲဒီလှေဟာ အင်ဒိုနီးရှား ကမ်းခြေနဲ့ ရေမိုင် ၇၀ လောက်အကွာမှာ အခက်ကြုံနေတာလို့ ရေတပ် တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသတွေမှာ စစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ ၂၀၁၇ အတွင်း စစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေးခဲ့ကြရပါတယ်။ ပြီးတော့ ဆင်းရဲကျပ်တည်းမှုနဲ့ မလုံခြုံမှုတွေကြောင့်လည်း ရိုဟင်ဂျာ အမြောက်အမြားဟာ ပင်လယ်ပြင်ဆီ လှေငယ်တွေနဲ့ စွန့်စားထွက်ခွာပြီး အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတချို့ဆီမှာ ရွှေ့ပြောင်း ခိုလှုံဖို့ ကြိုးစားလေ့ ရှိကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။