Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရိုဟင်ဂျာ လှေစီး ဒုက္ခသည်တွေကို အင်ဒိုနီးရှား လက်မခံဘဲ မလေးရှားဖက် စေလွှတ်

ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ဒီယန် ဆာယန်ရှားက ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှား နိုင်ငံသားတွေ မဟုတ်ကြောင်း၊ သူတို့ကို ဒုက္ခသည်ပါလို့ ခပ်လွယ်လွယ် သတ်မှတ်ပြီး လက်ခံလိုက်ဖို့ မဖြစ်နိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ၁၀၀ လောက်ကို အင်ဒိုနီးရှားက လက်မခံဘဲ မလေးရှား နိုင်ငံဖက် ထွက်ခွာစေခဲ့ကြောင်း သိရပါတယ်။

အာချေးပြည်နယ် ကမ်းလွန်မှာ သစ်သားလှေ တစ်စီးနဲ့ မျောပါလာပြီး ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှား ကမ်းခြေစောင့်တပ်က ကြားဖြတ် ဟန့်တားခဲ့ပါတယ်။ လှေပေါ်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ် အများစု လိုက်ပါလာတယ်လို့လည်း ကမ်းခြေစောင့်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

အာဏာပိုင်တွေက ရိုဟင်ဂျာ မျိုးနွယ်စုတွေရဲ့ လှေကို ကမ်းကပ်ခွင့် မပေးဘဲ ပင်လယ်ဖက်ကို ပြန်လည် ဆွဲယူပြီး မလေးရှား ရေပိုင်နက်ဖက် ထွက်ခွာစေခဲ့တယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေကို ပိုမို အကူအညီပေးဖို့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေက တောင်းဆိုနေပေမယ့် အင်ဒိုနီးရှားကတော့ ရိုဟင်ဂျာတွေကို လက်မခံဘဲ လိုအပ်တဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေ၊ လောင်စာဆီတွေ၊ အဝတ်အစားတွေ ပေးကမ်းပြီး ပြန်နှင်လွှတ်လေ့ ရှိပါတယ်။

ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ဒီယန် ဆာယန်ရှားက ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှား နိုင်ငံသားတွေ မဟုတ်ကြောင်း၊ သူတို့ကို ဒုက္ခသည်ပါလို့ ခပ်လွယ်လွယ် သတ်မှတ်ပြီး လက်ခံလိုက်ဖို့ မဖြစ်နိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာတွေ ပါလာတဲ့ လှေကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်လောက်မှာ စတင် ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။ အဲဒီလှေဟာ အင်ဒိုနီးရှား ကမ်းခြေနဲ့ ရေမိုင် ၇၀ လောက်အကွာမှာ အခက်ကြုံနေတာလို့ ရေတပ် တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသတွေမှာ စစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ ၂၀၁၇ အတွင်း စစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေးခဲ့ကြရပါတယ်။ ပြီးတော့ ဆင်းရဲကျပ်တည်းမှုနဲ့ မလုံခြုံမှုတွေကြောင့်လည်း ရိုဟင်ဂျာ အမြောက်အမြားဟာ ပင်လယ်ပြင်ဆီ လှေငယ်တွေနဲ့ စွန့်စားထွက်ခွာပြီး အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတချို့ဆီမှာ ရွှေ့ပြောင်း ခိုလှုံဖို့ ကြိုးစားလေ့ ရှိကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။