Connect with us

Hi, what are you looking for?

သတင်း

UFC ချန်ပီယံ ဗန်ကို တက္ကဆပ်ပြည်နယ်အစိုးရက ဂုဏ်ပြုချီးမြှင့်

အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်(Texas)အစိုးရက UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန်ကို ပြည်နယ်ဂုဏ်ဆောင်ပေးနိုင်တဲ့အတွက် ဂုဏ်ပြု ချီးမြှင့်ခဲ့ပါတယ်။

ဓာတ်ပုံ - Joshua Van Facebook

နိုဝင်ဘာ ၁၀၊၂၀၂၆။သုည/People’s Spring

အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်(Texas)အစိုးရက UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန်ကို ပြည်နယ်ဂုဏ်ဆောင်ပေးနိုင်တဲ့အတွက် ဂုဏ်ပြု ချီးမြှင့်ခဲ့ပါတယ်။

ဂျိုရှုအာဗန်ဟာ အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့မှာ နေထိုင်သူဖြစ်ပြီး သိုင်းပေါင်းစုံပြိုင်ပွဲရဲ့ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံး UFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ဝင်ပြိုင်ကာ ချန်ပီယံဖြစ်လာတာပါ။

လက်ရှိမှာတော့ ဗန်ဟာ အမေရိကန် ဖလော်ရီဒါမြို့ရှိ ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန် ဖွင့်လှစ်ထားတဲ့ Python MMA လေ့ကျင့်ရေးအားကစားရုံမှာ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်နေပါတယ်။

Public Service Announcement

Public Service Announcement

UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ တတိယမြောက် ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် လာမယ့် ၂၀၂၇ ဇန်နဝါရီ ၃၁ ရက်မှာ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ်လို့ UFC က ထုတ်ပြန်ထားပါတယ်။

ပခုံးဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ဗန်ဟာ မာနယ်ကိပ်နဲ့ ထိုးသတ်မယ့် ချန်ပီယံကာကွယ်ပွဲအတွက် လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။

ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီးနောက် ချန်ပီယံကာကွယ်ပွဲ နှစ်ကြိမ်ထိုးသတ်ရာ စိန်ခေါ်သူ တက်ဆူရိုနဲ့ ပန်တိုဂျာတို့ကို အနိုင်ရကာ နှစ်ကြိမ်တိုင် ချန်ပီယံခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့ပါတယ်။

အသက် ၂၄နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲအထိ ထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။

ဗန်ဟာ မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် ဟာ ချန်ပီယံကာကွယ်ပွဲကို ၂၀၂၇ ဇန်နဝါရီ ၃၀ ရက်မှာ မာနယ်လ်ကပ် နဲ့ ယှဥ်ပြိုင်ထိုးသတ်မယ့်လို့ UFC ကအတည်ပြုထုတ်ပြန်လိုက်ပါတယ်။

သတင်း

လတ်တလောလေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ တစ်လဝန်းကျင်ခန့် အနားယူရမယ်

သတင်း

ကမ္ဘာ​ကျော်ဖိုက်တာ​တွေနဲ့အတူထိပ်ဆုံး အဆင့် ၆ ရောက်လာ

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

Facebook