နိုဝင်ဘာ-၁၀၊၂၀၂၆။ထားမြတ်/People’s Spring
ရန်သူတင်သမျှ သတင်းဟာသတင်းမဟုတ်သလို သတင်းမှန်လည်း မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ဒီကနေ့ နိုဝင်ဘာ ၁၀ရက် ညပိုင်းမှာ လူမှုကွန်ရက်မှာ ရေးသား ပါတယ်။
အထူးတိုင်းစစ်ဌာနချုပ်စခန်းအပါအဝင် PDF စခန်း ၇ ခုနဲ့ KNU စခန်း ၄ ခုစုစုပေါင်း ၁၁ ခုနဲ့လက်နက်ခဲယမ်းစစ်အသုံးအဆောင်တွေ သိမ်းရတယ်လို့ အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၉ ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ခဲ့တဲ့ အခြေအနေအပေါ် ရဲဘော်အောင်စံရှားက အခုလို ပြောကြားခဲ့တာပါ။
“ရန်သူတင်သမျှ သတင်းမဟုတ်ဘူး။အဲတာ သတင်း source မဟုတ်ဘူး။အဲတာ သတင်းမှန် မဟုတ်ဘူး။တော်လှန်ရေးအတွက်တော့ သတင်းဦး သတင်းထူးဖို့မလိုဘူး။ သတင်းကြောင့် ရလဒ်ကောင်းဖို့ပဲလိုတယ်”လို့ ရဲဘော်အောင်စံရှားက ရေးသားခဲ့ပါတယ်။

Public Service Announcement
လက်ရှိအချိန်မှာ များစွာ ပြောဆိုနေတာထက် များစွာ စည်းလုံးညီညွတ်ဖို့ အလုပ်များများ လုပ်ဖို့သာ လိုကြောင်းလည်း ရဲဘော်အောင်စံရှားက ပြောပါတယ်။
“ဘယ်ကောင်တွေ အသေထွက်နေလဲဆိုတာ အချိန်တန်ရင်သိရမှာပေါ့”လို့လည်း အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးက ရေးသားထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး လှုပ်ရှားလာလို့ KNU တပ်မဟာ(၁)နယ်မြေ မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ကစခန်းနေရာအချို့ကဆုတ်ခွာခဲ့ရတာရှိကြောင်းKNUသတင်းရင်းမြစ်တဦးကပြောပါတယ်။
မြေပြင်မှာတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်လို့စစ်ရေးသတင်းကိုပြောလို့မရကြောင်းစစ်ရေးသတင်းရင်းမြစ်တဦးကလည်းပြောပါတယ်။
စစ်တပ်က တပ်စခန်းတွေနဲ့ လက်နက်တွေသိမ်းရကြောင်း ဝါဒဖြန့်နေတဲ့အပေါ် KNUနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်ကသတင်းထုတ်ပြန်တာမရှိသေးဘဲ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးစတင်တုံ့ပြန်လာတာဖြစ်ပါတယ်။




















































