နိုဝင်ဘာ ၁၀၊၂၀၂၆။သုည/People’s Spring
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက တော်လှန်ပြည်သူတွေ အွန်လိုင်းကတဆင့် တွေ့ဆုံကာ အပြန်အလှန် မေးမြန်း၊ ဖြေကြားတာတွေ ဒီကနေ့ (နိုဝင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။
တရားမျှတမှု၊ လွတ်လပ်မှု လိုချင်ကြတဲ့ ပြည်သူလူထုရဲ့ ဖွင့်ဟသံတွေကို သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသပိတ်အင်အားစုက ဖော်ပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း သပိတ်အင်အားစု အနေနဲ့လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းသည့်တိုင်အောင် တရားမျှတမှုရဲ့ ဘက်တော်သားများအဖြစ် လူထုအခြေပြုတော်လှန်ရေးလုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

Public Service Announcement




















































