Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် သမ္မတဟောင်း အကွီနို ကွယ်လွန်

ဖိလစ်ပိုင် သမ္မတဟောင်း ဘန်နစ်ဂ်နို အကွီနိုဟာ အသက် ၆၁ နှစ် အရွယ်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

ကျူဇုန်မြို့မှာ ဆေးရုံတက်နေရတဲ့ အကွီနို ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ဖိလစ်ပိုင် တရားသူကြီးချုပ်က တရားဝင် ကြေညာခဲ့ပါတယ်။ ဖိလစ်ပိုင် တရားသူကြီးချုပ် မာဗစ် လီယိုနန်ကို အကွီနို သမ္မတဖြစ်နေတဲ့ ကာလမှာ ခန့်အပ်ထားခဲ့တာပါ။

အကွီနိုဟာ ပြင်းထန် ဆီးချိုရောဂါ ခံစားနေရသူ ဖြစ်ပါတယ်။ အခု သီတင်းပတ်မှာတော့ နှလုံးရောဂါပါ ဖောက်လာလို့ ဆေးရုံ တက်ခဲ့ပေမယ့် ပြန်လည် သက်သာမလာဘဲ ကွယ်လွန်သွားခဲ့တာပါ။ သူကွယ်လွန်ကြောင်း သတင်းကို ကြားသိရတဲ့နောက် ဖိလစ်ပိုင်ရဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကရော၊ ပြည်သူတွေကပါ ဝမ်းနည်း ကြေကွဲမှု အထိမ်းအမှတ်တွေ ပြသခဲ့ကြပါတယ်။

အကွီနိုဟာ မိခင်ဖြစ်သူ ဒီမိုကရေစီ ခေါင်းဆောင် ကာရာဇုန် အကွီနို ကွယ်လွန်သွားတဲ့နောက် ၂၀၁၀ ကနေ ၂၀၁၆ ထိ ဖိလစ်ပိုင် သမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ သူဟာ ဖိလစ်ပိုင်ရဲ့ အဂတိ လိုက်စားမှုတွေကို ကြိုးစား တိုက်ဖျက်ခဲ့သူ တစ်ဦးအဖြစ် သတ်မှတ် ခံခဲ့ရပေမယ့် သူသမ္မတ ဖြစ်နေချိန် လွှတ်တော်အမတ် တချို့ရဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကြောင့်တော့ အငြင်းပွားစရာတွေ ကြုံခဲ့ရပါတယ်။

စီးပွားရေး ပညာရှင် တစ်ဦးဖြစ်တဲ့ အကွီနိုဟာ မိသားစု လက်ငုပ်လက်ရင်း သကြားစက်တွေကို ဦးစီးနေရာက ၁၉၉၈ မှာ နိုင်ငံရေး လောကထဲ စတင် ဝင်ရောက်လာခဲ့တာပါ။ ၂၀၀၇ မှာ အထက်လွှတ်တော် အမတ် ဖြစ်လာပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူသမ္မတအဖြစ် တာဝန်ယူနေချိန်မှာ တိုင်ဖွန်း မုန်တိုင်းကြီး ဟိုင်ယန်း ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ သဘာဝ ဘေးအန္တရာယ်မျိုးတွေကို စီမံ ကိုင်တွယ်ခဲ့ရပါတယ်။ အဲဒီတုန်းက မုန်တိုင်းကြောင့် လူပေါင်း ၆၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။