Connect with us

Hi, what are you looking for?

News

ရေစကြိုစုပေါင်းရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

“စခ များအိပ့်ပျော်နေ​ပြီး ထိခိုက်ဒဏ်ရာရမှုရှိကြောင်း သိရပါသည်။ အတိအကျအား သိရှိနိုင်ခြင်းမရှိပါ”ဟု ရေစကြို PDFက ဆိုသည်။

People's Spring
People's Spring

မကွေးတိုင်း ရေစကြိုမြို့ စုပေါင်းရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို မိုင်းခွဲ့တိုက်ခိုက်ခဲ့ကြောင်း ရေစကြို PDFက ယနေ့ (ဇန်နဝါရီ ၄)ထုတ်ပြန်သည်။

ယနေ့နံနက် ၂ နာရီခန့်က ရေစကြိုမြို့နယ် ရုံးပေါင်းစုံဝန်းအတွင်း စစ်ကောင်စီတပ်များတပ်စွဲထားသည့် ဧည့်ရိပ်သာအား လွတ်လပ်ရေးနေ့လက်ဆောင်အဖြစ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“စခ များအိပ့်ပျော်နေ​ပြီး ထိခိုက်ဒဏ်ရာရမှုရှိကြောင်း သိရပါသည်။ အတိအကျအား သိရှိနိုင်ခြင်းမရှိပါ”ဟု ရေစကြို PDFက ဆိုသည်။

အဆိုပါ စုပေါင်းရုံးဝန်းအတွင်း စစ်ကောင်စီတပ်အင်အား ၂၀ ခန့်တပ်စွဲထားပြီး ယနေ့ကျရောက်သည့် (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ကျင်းပရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။