Connect with us

Hi, what are you looking for?

News

ဘုတလင်မြို့နယ်တွင် ​တော်လှန်​ရေးရဲ​​​ဘော်တစ်ဦး မိုင်းမ​တော်တဆဖြစ်၍ ကျဆုံး

ရဲဘော်ပီကေ၏ ပေးဆပ်မှုသည် အလဟဿမဖြစ်စေရဘဲ ပြည်သူအတွက် ရဲဘော်ပီကေကိုယ်စား အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)မှ ကတိသစ္စာပြုအပ်ပါသည်ဟု အသိပေးထားသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေစဥ် မိုင်းပေါက်ကွဲ၍ အာဏာရှင်တော်လှန်ရေး လူငယ်ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ ပြည်သူနှင့်နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့သည်။

ဇန်နဝါရီလ ၁၁ ရက် ညပိုင်း​က အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲကာ ခုခံတိုက်ခိုက်ရန် ရဲဘော်ပီကေတို့နှစ်ဦး ပြင်ဆင်နေချိန် ကားတစ်စီးလာ၍ လမ်းပေါ်မှ ပြေးဆင်းစဥ် မတော်တဆပေါက်ကွဲကာ ရဲဘော်ပီကေ ဦးခေါင်းထိမှန်၍ ကျဆုံးခဲ့ရကြောင်း၊ အခြားရဲဘော်မှာ လွတ်မြောက်ခဲ့ကြောင်း မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)မှ သတင်းထုတ်ပြန်သည်။

အာဏာရှင်စနစ်ကိုတွန်းလှန်ရင်း တိုင်းပြည်အတွက်အသက်ပေးခဲ့သော ရဲဘော်ပီကေသည် တာဝန်ကျေခဲ့ကြောင်း၊ ရဲဘော်ပီကေအတွက် မိသားစု၊ တိုင်းသူပြည်သားများနှင့်အတူ မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)မှ အထူးပင်ဝမ်းနည်းကြေကွဲမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရဲဘော်ပီကေ၏ ပေးဆပ်မှုသည် အလဟဿမဖြစ်စေရဘဲ ပြည်သူအတွက် ရဲဘော်ပီကေကိုယ်စား အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)မှ ကတိသစ္စာပြုအပ်ပါသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ ဇန်နဝါရီလ၁၁ရက်နေ့ည၁၂နာရီခန့်က ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို ဘုတလင်နှင့် ဒီပဲယင်းမြို့နယ်များရှိ ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ငါးဦး ကျဆုံးခဲ့ပါတယ်။