Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅)၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၁ဦးထပ်မံသေ

ဇန်နဝါရီ ၂၄ရက်တွင် တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ တိုလယ်စခန်းနှင့် ထီးဘအဲဒေကြား၊ ထီးဘအဲဒေသအနီးတို့တွင် စစ်ကောင်စီတပ်မှ မိုင်း နှစ်ကြိမ်နင်းမိရာ လေးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ၏ မိုင်းထောင်တိုက်ခိုက်ခြင်း ခြုံခိုတိုက်ခိုက်ခြင်းများကြောင့် ဇန်နဝါရီ ၂၄ရက်တွင် စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၄ရက်တွင် တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ တိုလယ်စခန်းနှင့် ထီးဘအဲဒေကြား၊ ထီးဘအဲဒေသအနီးတို့တွင် စစ်ကောင်စီတပ်မှ မိုင်း နှစ်ကြိမ်နင်းမိရာ လေးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ယင်းနေ့၌ပင် ဖာပွန်ခရိုင် အနောက်ဘက်ကမ်းဒေသတွင် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က နှစ်ဦးသေဆုံးခဲ့ကြောင်း ၊ ထို့ပြင် တာကောလူဒေသ၌ တိုက်ပွဲ သုံးကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦး နှင့် စစ်မြင်းလား တစ်ကောင်သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် တပ်မဟာ(၅)နယ်မြေတွင် ဇန်နဝါရီ ၂၄ရက် တစ်ရက်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook