Connect with us

Hi, what are you looking for?

ဗီဒီယို

အာဏာသိမ်းတယ်ဆိုတာ အလုပ်သမားတွေကပေးတဲ့ လုပ်ပိုင်ခွင့်အာဏာကို သိမ်းတာပါပဲ

မြန်မာနိုင်ငံမှာ လုပ်သားထုဟာ ၃၅ သန်းကျော်ရှိပြီး ဒါဟာ နိုင်ငံလူဦးရေရဲ့ ထက်ဝက် ကျော်ဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းတာ တစ်နှစ်ပြည့်သွားပေမယ့် အုပ်ချုပ်လို့မရသေးကြောင်းပြသတဲ့သပိတ်တွေဟာ လမ်းတွေပေါ်မှာ ဆက်ရှိနေသလို အလုပ်သမားထုကလည်း သပိတ်တိုက်ပွဲတွေနဲ့ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့ကြတယ်လို့ မြန်မာအလုပ်သမားတပ်ပေါင်းစုရဲ့ကိုယ်စား ဦးနန္ဒာစစ်အောင် က ပြောလိုက်ပါတယ်။

ဒီနေ့မှာကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ရဲ့ ညီလာခံဖွင့်ပွဲမှာ ထည့်သွင်းပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ လုပ်သားထုဟာ ၃၅ သန်းကျော်ရှိပြီး ဒါဟာ နိုင်ငံလူဦးရေရဲ့ ထက်ဝက် ကျော်ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လုပ်သားတွေရဲ့မဲတွေလည်းပါဝင်ပြီး ရွေးကောက်ပွဲရလဒ်ကို အာဏာသိမ်းလိုက်တာဟာ လုပ်သားထုက ပေးအပ်လိုက်တဲ့ လုပ်ပိုင်ခွင့်ကို သိမ်းယူလိုက်တာဖြစ်တယ်လို့ ဦနန္ဒာစစ်အောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာလုပ်သားထုကြီးဆင်းရဲနေတာဟာ စစ်အာဏာရှင်စနစ်အမြစ်တွယ်နေတာနဲ့ ဖက်ဒရယ်ဒီမိုရေစီစနစ်အမြစ်တွယ်နေတာကြောင့်ဖြစ်တယ်လို့လည်းပြောပါသေးတယ်။

ဒါကြောင့် မြန်မာလုပ်သားတပ်ပေါင်းစုဟာနွေဦးတော်လှန်ရေးမှာ သပိတ်တိုက်ပွဲ ၊ နိုင်ငံတကာလုပ်သားသမဂ္ဂတွေနဲ့ချိတ်ဆက်ကာ စီးပွားရေးပိတ်ဆို့အရေးယူဖို့ တိုက်ပွဲ ၊ NUCC မှာ ပါဝင်ကာ ဘုံသဘောတူညီချက်တွေချမှတ်ပြီးတိုက်ပွဲဝင်နေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။