Connect with us

Hi, what are you looking for?

ဗီဒီယို

တော်လှန်ရေးအတွက် သိန်း ၅၀၀ ကျော်ရခဲ့တဲ့ ချစ်သုဝေရဲ့ Hope

မြန်မာအပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံက ကံစမ်းမဲလက်မှတ်တွေဝယ်ယူအားပေးခဲ့ပြီး လက်မှတ် ၄၆၀၀ ကျော် ရောင်းချခဲ့ရပါတယ်။

တော်လှန်ရေးအတွက် လှူဒါန်းဖို့ ရန်ပုံငွေရှာတဲ့ သရုပ်ဆောင် အဆိုတော် ချစ်သုဝေ ရဲ့ Hope အစီအစဥ်ကနေ အလှူငွေ သိန်း ငါးရာကျော်ရရှိခဲ့ပါတယ်။

Hope အတွက် ချစ်သုဝေကိုယ်တိုင်ထိုးထားတဲ့ အိတ်သုံးအိတ်ကို ကံစမ်းမဲလက်မှတ်ရောင်းချပြီး ရန်ပုံငွေရှာခဲ့တာပါ။

မြန်မာအပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံက ကံစမ်းမဲလက်မှတ်တွေဝယ်ယူအားပေးခဲ့ပြီး လက်မှတ် ၄၆၀၀ ကျော် ရောင်းချခဲ့ရပါတယ်။

လက်မှတ်တစ်စောင်ကို မြန်မာငွေကျပ် တစ်သောင်း နဲ့ ရောင်းချတာဖြစ်ပေမယ့် နိုင်ငံတကာက ငွေလဲနှုန်းတွေကြောင့် သိန်း၅၂၀ ကျော်ရရှိတာဖြစ်တယ်လို့ ချစ်သုဝေကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်တွင်းမှာ အခက်အခဲတွေနဲ့ ကြုံနေရပေမယ့်မဲလက်မှတ် ၂ ထောင်ကျော်အထိ အားပေးခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်း ချစ်သုဝေကပြောပါတယ်။

ချစ်သုဝေက တော်လှန်ရေးအတွက် ရန်ပုံငွေရှာတာ​ကိုလစဥ်ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ခရစ္စမတ်ကာလ ၊ နှစ်သစ်ကူးတွေမှာလည်း ချစ်သုဝေက ကံစမ်းမဲအစီအစဥ်တွေပြုလုပ်ပြီး ရန်ပုံငွေတွေရှာဖွေပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။