Connect with us

Hi, what are you looking for?

News

ကော့ကရိတ်မှာ လက်နက်ကြီးထိလို့ ကိုယ်ဝန်ဆောင်အပါအဝင် ၃ ဦးဒဏ်ရာရ

မနေ့က ကော့ကရိတ်-မြ၀တီအာရှလမ်းမကြီးတစ်နေရာမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆ တို့အကြား ထိတွေ့ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ အခုလို ကျေးရွာတွေကို ပစ်ခတ်နေတာဖြစ်ပါတယ်။

ကော့ကရိတ်မြို့နယ် ရွာကလေးရွာမှာ ဖေဖေါ်ဝါရီ ၅ ရက်က စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ရဲ့ ထုတ်ပြန်ပါတယ်။

ဖေဖေါ်ဝါရီ ၅ ရက် မနက်ပိုင်းက ကေအဲန်ယူ-ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် နို့ဖိုးကျေးရွာအုပ်စု ရွာကလေးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ကျေးရွာထဲကို လက်နက်ကြီး ၆ လုံးကျရောက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒီလို ကျေးရွာထဲကို လက်နက်ကြီးကျရောက်ရောက်ပေါက်ကွဲမှုကြောင့် ရွာကလေးရွာက ကိုယ်ဝန်သည်တစ်ဦး၊ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ဆယ်ကျော်သက်လူငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး နေအိမ်သုံးလုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KHRG ဆီကနေ သိရပါတယ်။

Public Service Announcement

မနေ့က ကော့ကရိတ်-မြ၀တီအာရှလမ်းမကြီးတစ်နေရာမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆ တို့အကြား ထိတွေ့ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ အခုလို ကျေးရွာတွေကို ပစ်ခတ်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက စစ်ရေးဝင်ရောက်လှုပ်ရှားမှုတွေရှိနေပြီး ဒေသခံရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာ၊ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေကြုံဆုံနေရပြီး ဒီကနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။