Connect with us

Hi, what are you looking for?

News

အုတ်ဖိုကန်​ဘောင် အကျဥ်းစခန်းတိုက်ခိုက်မှုတွင် မ​သေဘဲကျန်ခဲ့သူများကို အလုပ်မထွက်သွားရန် စစ်​ကောင်စီက ရာထူးတိုး​ပေး​သောနည်းဖြင့် ဆွဲ​ဆောင်

“ဦးစိုင်းခွန်အောင်ဒုကြီးကြပ်ရေးမှူးရာထူးတိုးတယ်။ တပ်ကြပ်နဲ့ တပ်သား ခုနှစ်ဦးလည်းတစ်ဆင့်မြင့်ရာထူးတွေတိုးတယ်။ တကယ်တော့ သူတို့(ရာထူးတိုးပေးခံရသူများ) မနေချင်တော့ဘူး။ အခုက မက်လုံးပေးပြီး ချုပ်တာ”ဟု အကျဥ်းဦးစီးဌာနဝန်ထမ်းတစ်ဦးက ပြောသည်။

(အုတ်ဖိုကန်​ဘောင်အကျဥ်းစခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ-Google Earth)

တမူးမြို့အုတ်ဖိုကန်​ဘောင်အကျဥ်းစခန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်​ရောက်တိုက်ခိုက်စဥ် မ​သေဘဲကျန်ရစ်​သော အကျဥ်းထောင်ဝန်ထမ်းရှစ်ဦးကိုရာထူး တိုးလိုက်ခြင်းဖြင့် ဆက်လက်တာဝန်မထမ်းဆောင်လိုသောဝန်ထမ်းများကို စစ်ကောင်စီက မက်လုံးပေးလိုက်​ကြောင်း အကျဥ်းဦးစီးဌာနဝန်ထမ်းအချို့က ပြောသည်။

တမူးမြို့ အကျဥ်းဦးစီးဌာန၏ အုတ်ဖိုကန်ဘောင်အကျဥ်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဇန်နဝါရီ ၁၀ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထောင်ပိုင် အပါအဝင် ၁၁ ဦး သေဆုံးခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ချရန် ညှိနှိူင်းသော်လည်း ထောင်ပိုင်က နားမထောင်၍ ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဟု တမူး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း (၁) သတင်းထုတ်ပြန်ခဲ့သည်။

ယင်းနေ့တွင် အကျဥ်းထောင်အတွင်း တာဝန်ကျနေပြီး အသက်မသေဘဲ ကျန်ရစ်ခဲ့သည့် လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုင်းခွန်အောင်နှင့် ကျန်ဝန်ထမ်း ခုနှစ်ဦးကို စစ်ကောင်စီက တစ်ဆင့်မြှင့်ရာထူး တိုးပေးခြင်းဖြစ်သည်။

“ဦးစိုင်းခွန်အောင်ဒုကြီးကြပ်ရေးမှူးရာထူးတိုးတယ်။ တပ်ကြပ်နဲ့ တပ်သား ခုနှစ်ဦးလည်းတစ်ဆင့်မြင့်ရာထူးတွေတိုးတယ်။ တကယ်တော့ သူတို့(ရာထူးတိုးပေးခံရသူများ) မနေချင်တော့ဘူး။ အခုက မက်လုံးပေးပြီး ချုပ်တာ”ဟု အကျဥ်းဦးစီးဌာနဝန်ထမ်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မ​သေဘဲကျန်ရစ်သူများကို ရာထူးတိုး​ပေးကာဆက်လုပ်ရန်မက်လုံး​ပေး​သော်လည်း ဇန်နဝါရီ ၁၀ရက်က အထက်ပါတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် ဝန်ထမ်းများကိုမူလုံလောက်သော ထောက်ပံ့မှုနှင့်နစ်နာကြေးမပေးဟုလည်း အကျဥ်းဦးစီးဌာန ဝန်ထမ်းအသိုင်းအဝိုင်းကပြောသည်။

“ထောင်ထဲက ဝန်ထမ်းတွေကအမှန်တကယ် ​ပြန်တိုက်ခိုက်ခဲ့သူတွေ မဟုတ်ဘူး။ PDF တွေက ညှိနှိုင်းနေတုန်း အဆင်မပြေဖြစ်ပြီး ခဏလေးပဲ ပစ်ကြခတ်ကြပြီး ပြန်ဆုတ်သွားတာ။ အခုတော့ သေတဲ့သူက သေပြီးကျန်တဲ့သူက ရာထူးတိုးခံရတာ”ဟု အထက်ပါဝန်ထမ်းက ဖွင့်ချသည်။

အကျဥ်းစခန်းအား တိုက်ခိုက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလည်းနှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook