Connect with us

Hi, what are you looking for?

News

ဘားအံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များနှင့် ဝန်ထမ်းများအချိန်မနှောင်းမီ ပြည်သူနှင့်အတူ ရပ်တည်ရန်သတိပေးချက် KNU ထုတ်ပြန်

KNU သထုံခရိုင်၊ ဘားအံမြို့နယ်၊ တပ်ရင်း (၁)ထိန်းချုပ်နယ်မြေအတွင်း နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်များ မိမိလက်ရှိ လုပ်ငန်းတာဝန်မှ ထွက်ပေးရန်နှင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်ချက်၌ ပါရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘားအံမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် အချိန်မနှောင်းမီ ပြည်သူနှင့်အတူရပ်တည်ရန် သတိပေးကြောင်း KNU ဘားအံမြို့နယ် အလုပ်အမှုဆောင် ကော်မတီက ယနေ့ ထုတ်ပြန်သည်။

မြို့နယ်အတွင်း ရှိနေသော စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်၊ အရပ်ဖက် ဝန်ထမ်းများ အားလုံး ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်သော အာဏာသိမ်း စစ်ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်မှု မပြုခြင်းဖြင့် အချိန်မနှောင်းမီ ပြည်သူနှင့်အတူ ရပ်တည်ပြီးမှန်ကန်သောလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ရန် သတိပေး ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

KNU သထုံခရိုင်၊ ဘားအံမြို့နယ်၊ တပ်ရင်း (၁)ထိန်းချုပ်နယ်မြေအတွင်း နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်များ မိမိလက်ရှိ လုပ်ငန်းတာဝန်မှ ထွက်ပေးရန်နှင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်ချက်၌ ပါရှိသည်။

ဘားအံမြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသော အခြေအနေအရ နယ်ခြား စောင့်တပ် (BGF) တပ်စခန်းတွင်နေထိုင်နေသော မိသားစုဝင်အားလုံးသည် ၎င်းစခန်းအတွင်းမှ ထွက်ခွာပေးရန် နှင့် ဘားအံမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်း များအားလုံး မိမိလက်ရှိ လုပ်ငန်းတာဝန်မှ နှုတ်ထွက်ပေးရန် တို့ကိုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်၌ ဖော်ပြထားသည်များကို လိုက်နာမှုမရှိပါက ဖြစ်လာမည့် ပြဿနာများကို တာဝန်ယူမည် မဟုတ်ကြောင်းလည်း KNU ဘားအံမြို့နယ် တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက် ကို ထည့်သွင်းဖော်ပြထားသည်။

မကြာသေးမီကလည်း KNU တပ်မဟာ(၅)က ကြေညာချက်ထုတ်ပြန်ပြီး ဖာပွန်မြို့ရှိ စစ်ကောင်စီဝန်ထမ်းများ ဖေဖော်ဝါရီ ၁၀ရက် နောက်ဆုံးထား၍ မြို့မှ ထွက်ခွာရန်နှင့် မြို့ခံဝန်ထမ်းများလည်း စစ်ကောင်စီလက်အောက်မှ နုတ်ထွက်ရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook