Connect with us

Hi, what are you looking for?

News

လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီအောက်စွဲ ပျူစောထီးအဖွဲ့ မိုင်း ၁၂လုံးဖြင့် တိုက်ခိုက်ခံရ

ယမန်နေ့(ဖေဖော်ဝါရီ ၉)ည ၈နာရီခန့်က လှိုင်သာယာမြို့နယ် ရွှေလင်ပန်း ‌မြေတိုင်း(၂၃)ရပ်ကွက်ရှိ ပျူစောထီးအဖွဲ့ များကို တော်လှန်ရေးညီနောင်လေးဖွဲ့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လှိုင်သာယာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီအောက်စွဲ ပျူစောထီးအဖွဲ့တစ်ဖွဲ့ကို အဝေးထိန်းမိုင်းများအသုံး ပြု၍ တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Gods Of Death(HTY)က ထုတ်ပြန်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၉)ည ၈နာရီခန့်က လှိုင်သာယာမြို့နယ် ရွှေလင်ပန်း ‌မြေတိုင်း(၂၃)ရပ်ကွက်ရှိ ပျူစောထီးအဖွဲ့ များကို တော်လှန်ရေးညီနောင်လေးဖွဲ့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင် အဝေးထိန်းမိုင်း ၁၂လုံးခန့် အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင်များထိခိုက်၊ သေဆုံးမှုရှိ၊ မရှိကိုမူ ဖော်ပြထားခြင်း မရှိပေ။

“တော်လှန်ရေးညီအကိုများကိုလည်း လေးစားကျေးဇူး တင်ကြောင်းပြောပါရစေ။ နောက် နောင်မှာလည်း ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး အလံမလ်ိပ် တပ်မခေါက်ဘဲ အဆုံးထိလျှောက်လှမ်းသွားပါမယ်”ဟု G.O.D (HTY)တပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

G.O.D(HTY)ပြောက်ကျားတပ်ဖွဲ့အနေဖြင့် တော်လှန်ရေး Mission များကို တရှိန်ထိုးပြုလုပ်တော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ တားမြစ်ချက်ကို လိုက်နာပေးကြရန် မေတ္တရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook