Connect with us

Hi, what are you looking for?

LuduNwayOo

News

ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်သူများ ပစ္စည်းသိမ်း၍ အပြီးပြောင်းရွှေ့ရန် PDF သတိပေး

သစ်ဝါးများခိုးထုတ်နေသည့် လုပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများသည် ဖေဖော်ဝါရီ ၂၇(ယနေ့)မှ မတ်လ ၆ရက်အတွင်း လုပ်ငန်းသုံးပစ္စည်းများ ယာဥ်များ၊လူများအားလုံး အပြီးပြောင်းရွှေ့ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပဲခူးရိုးမတွင်း သစ်ခိုးထုတ်နေသူများအနေဖြင့် ပစ္စည်းများသိမ်းကာ သတ်မှတ်ရက်အတွင်း အပြီးပြောင့်ရွှေ့ကြရန် တောင်ငူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘုရင်းတောင်တပ်ရင်းက သတိပေးချက် ထုတ်ပြန်လိုက်သည်။

သစ်ဝါးများခိုးထုတ်နေသည့် လုပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများသည် ဖေဖော်ဝါရီ ၂၇(ယနေ့)မှ မတ်လ ၆ရက်အတွင်း လုပ်ငန်းသုံးပစ္စည်းများ ယာဥ်များ၊လူများအားလုံး အပြီးပြောင်းရွှေ့ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အကြမ်းဖက်စစ်ကောင်စီအား ထောက်ပံ့ဆပ်ကြေးပေး၍နိုင်ငံတော်သယံဇာတများအား စည်းကမ်းမဲ့စွာခိုးထုတ်၍ကိုယ်ကျိုးစီးပွားအတွက်အသုံးချနေမှူများအား လုံးဝ(လုံးဝ) ပိတ်ပင်တားဆီးနိုင်ရေးအတွက်ရည်ရွယ်၍ ဤသတိပေးမှုအားထုတ်ပြန်လိုက်သည်”ဟု ဘုရင့်နောင်တပ်ရင်း၊ တပ်ရင်းအမှတ်(၃၀၅၁)က ထုတ်ပြန်သည်။

ကိုယ်ကျိုးရှာ၍ သစ်ဝါးများ စည်းကမ်းမဲ့စွာခိုးထုတ်နေသောလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ပေးခြင်းတို့ကို လုပ်ဆောင်နေပြီး ဤသတိပေးချက်အမိန့်အား မလိုက်နာပါက နောက်ဆက်တွဲအကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။