Connect with us

Hi, what are you looking for?

ဗီဒီယို

အာဇာနည်နေ့အကြို ရန်ကုန်မှာဆန္ဒပြ၊စစ်တပ်က ​သေနတ်ဖြင့်ပစ်ခတ် လူစုခွဲ

ဆန္ဒပြပွဲတွင် “လူမျိုးကြီးဝါဒ ဖယ်ရှားကြ၊ အာဇာနည်ဟာ ကိုးဦးမက” စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။

လာမယ့်ဇူလိုင် ၁၉ရက်တွင်ကျရောက်သည့် အာဇာနည်နေ့အကြိုဆန္ဒပြပွဲအဖြစ် ယ​နေ့နံနက်က ရန်ကုန်မြို့တွင် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာ ရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် “လူမျိုးကြီးဝါဒ ဖယ်ရှားကြ၊ အာဇာနည်ဟာ ကိုးဦးမက” စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသပိတ်စစ်ကြောင်းတွင် အထွေထွေသပိတ်ကော်မတီ GSC၊ ကျောင်းသားသမဂ္ဂများ၊ လူငယ်ကဗျာဆရာသမဂ္ဂ၊ အလုပ်သမားသမဂ္ဂများနှင့် မြို့နယ်အထွေထွေသပိတ်ကော်မတီများပါဝင်ကြသည်။

အဆိုပါဆန္ဒပြပွဲကို စစ်သားများက သေနတ်ဖြင့်လာရောက်ပစ်ခတ်ဖြိုခွင်းမှု​ကြောင့် လူစုခွဲခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။