လာမယ့်ဇူလိုင် ၁၉ရက်တွင်ကျရောက်သည့် အာဇာနည်နေ့အကြိုဆန္ဒပြပွဲအဖြစ် ယနေ့နံနက်က ရန်ကုန်မြို့တွင် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာ ရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲတွင် “လူမျိုးကြီးဝါဒ ဖယ်ရှားကြ၊ အာဇာနည်ဟာ ကိုးဦးမက” စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသပိတ်စစ်ကြောင်းတွင် အထွေထွေသပိတ်ကော်မတီ GSC၊ ကျောင်းသားသမဂ္ဂများ၊ လူငယ်ကဗျာဆရာသမဂ္ဂ၊ အလုပ်သမားသမဂ္ဂများနှင့် မြို့နယ်အထွေထွေသပိတ်ကော်မတီများပါဝင်ကြသည်။
အဆိုပါဆန္ဒပြပွဲကို စစ်သားများက သေနတ်ဖြင့်လာရောက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူစုခွဲခဲ့ရသည်။