Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်သားတစ်ဦးကို PDFကယ်ထုတ်ပြီး မိသားစုထံ ပို့​ဆောင်ပေး

ကျောက်ထုတပ်တွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ကျောက်ထု PDFက မတ်လ ၇ ရက်က ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ထံမှ PDFက ကယ်ထုတ်ပေးခဲ့သည့် စစ်ကောင်စီတပ်သားတစ်ဦးကို ကာယကံရှင်၏ ဆန္ဒအတိုင်း မိသားစုထံသို့ အရောက်ပို့ဆောင်ပေးလိုက်ကြောင်း ကျောက်ထု PDFက ထုတ်ပြန်သည်။

ကျောက်ထုတပ်တွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ကျောက်ထု PDFက မတ်လ ၇ ရက်က ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

“စနစ်တကျ စိစစ်ကယ်ထုတ်ပြီး ဘေးကင်းကင်းဖြင့် ၎င်း၏မိသားစုထံအရောက်ပို့ဆောင်ပေးခဲ့ပါသည်။ လက်နက်ပါမလာသည့်တိုင် မိမိတို့ကျောက်ထု PDF မှကူညီကယ်ထုတ်ပေးခဲ့ပါသည် “ဟု ကျောက်ထု PDFသတင်းနှင့်ပြန်ကြားရေးက ယနေ့ (မတ် ၁၂ရက်) ထုတ်ပြန်သည်။

အထက်ပါသတင်းကို ကျောက်ထု PDFက ဓာတ်ပုံမှတ်တမ်း၊ ကိုယ်ပိုင်အမှတ်နှင့်အတူ ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှလက်နက်အပြည့်အစုံဖြင့် ထွက်ခွာလာပါက ဆုကြေးငွေ ကျပ်သိန်း ၈၀က ပေးအပ်ချီးမြှင့်မည်ဖြစ်ပါ၍ ထွက်ခွာလိုသူများ ကျောက်ထု PDF ထံဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ