Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်သားတစ်ဦးကို PDFကယ်ထုတ်ပြီး မိသားစုထံ ပို့​ဆောင်ပေး

ကျောက်ထုတပ်တွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ကျောက်ထု PDFက မတ်လ ၇ ရက်က ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ထံမှ PDFက ကယ်ထုတ်ပေးခဲ့သည့် စစ်ကောင်စီတပ်သားတစ်ဦးကို ကာယကံရှင်၏ ဆန္ဒအတိုင်း မိသားစုထံသို့ အရောက်ပို့ဆောင်ပေးလိုက်ကြောင်း ကျောက်ထု PDFက ထုတ်ပြန်သည်။

ကျောက်ထုတပ်တွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ကျောက်ထု PDFက မတ်လ ၇ ရက်က ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

“စနစ်တကျ စိစစ်ကယ်ထုတ်ပြီး ဘေးကင်းကင်းဖြင့် ၎င်း၏မိသားစုထံအရောက်ပို့ဆောင်ပေးခဲ့ပါသည်။ လက်နက်ပါမလာသည့်တိုင် မိမိတို့ကျောက်ထု PDF မှကူညီကယ်ထုတ်ပေးခဲ့ပါသည် “ဟု ကျောက်ထု PDFသတင်းနှင့်ပြန်ကြားရေးက ယနေ့ (မတ် ၁၂ရက်) ထုတ်ပြန်သည်။

အထက်ပါသတင်းကို ကျောက်ထု PDFက ဓာတ်ပုံမှတ်တမ်း၊ ကိုယ်ပိုင်အမှတ်နှင့်အတူ ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှလက်နက်အပြည့်အစုံဖြင့် ထွက်ခွာလာပါက ဆုကြေးငွေ ကျပ်သိန်း ၈၀က ပေးအပ်ချီးမြှင့်မည်ဖြစ်ပါ၍ ထွက်ခွာလိုသူများ ကျောက်ထု PDF ထံဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။