Connect with us

Hi, what are you looking for?

News

မြို့နယ်ပြင်ပသို့ ဆန်မရောင်းရန် ကန့်သတ်ချက်များ ထုတ်ပြန်ထားခြင်းမရှိဟု ဂန့်ဂေါ(ပအဖ) ရှင်းလင်း

ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီး ဌာန၏လမ်းညွှန်မှုကိုလိုက်နာနေသော ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအနေဖြင့် ဖော်ပြပါရှိသော ကန့်သတ်ချက်များကို ထုတ်ပြန်ထားခြင်းမရှိပါကြောင်း သတင်းထုတ်ပြန်သည်။

မ​ကွေးတိုင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)အနေဖြင့် မြို့နယ်ပြင်ပသို့ ဆန်ရောင်းချခွင့် မရှိကြောင်း ကန့်သတ်ချက်ထုတ်ပြန်ထားခြင်းမရှိကြောင်းနှင့် လူမှုကွန်ရက်၌ မြေပြင်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အမည်ခံရေးသားထားမှုများသည် အခြေအမြစ်မရှိကြောင်း ရှင်းလင်းခဲ့သည်။

မတ်လ ၁၆ရက်က လူမှုကွန်ရက်စာမျက်နှာတစ်ခုတွင် ဂန့်ဂေါမြို့နယ်မှ ပြည်သူများအနေဖြင့် မြို့နယ်ပြင်ပသို့ ဆန်ရောင်းချခွင့် မရှိကြောင်း၊ မြို့နယ်တွင်း ဆန်ရောင်း ချမှုများကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း မြေပြင်ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အမည်ခံကာ သတင်းတစ်ခုပေါ်ထွက်လာခဲ့သည်ဟု ဆိုသည်။

ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီး ဌာန၏လမ်းညွှန်မှုကိုလိုက်နာနေသော ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအနေဖြင့် ဖော်ပြပါရှိသော ကန့်သတ်ချက်များကို ထုတ်ပြန်ထားခြင်းမရှိပါကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါရေးသားချက်များကိုလည်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခြေအမြစ်မရှိသည့် သတင်းအဖြစ် ပယ်ချကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်တပ်၏ အကြမ်းဖက်ခြင်းခံရသည့် နယ်မြေဒေသအချို့တွင် အခြေအ‌နေအချိန်အခါအရ ဆန်စပါးရောင်းချလိုသူပြည်သူများနှင့်ညှိနှိုင်းဆောင်ရွက်မှု အချို့ရှိသော်လည်း လက်ရှိအခြေအနေတွင် ဒေသတွင်းစီးပွားရေးကို ထိခိုက်နိုင်သည့် တစ်မြို့နယ်လုံးအားကန့်သတ်ပိတ်ပင်ဆောင် ရွက်မှုများ လုံးဝမရှိပါကြောင်း အသိပေးထားသည်။

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူ့ကာကွယ် ရေးအဖွဲ့များ အမည်ခံကာ တာဝန်ခံမှုကင်းမဲ့သော သတင်းများရေးသားနေသူများကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်၊ အသိအမှတ်ပြုမှုများနှင့် ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်ပြီး သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်လည်း ဆက်သွယ်ညှိနှိုင်း လက်တွဲဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့