Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန် မိန်းကလေးတွေ ပညာသင်ခွင့်ရရေး တာလီဘန် အစိုးရကို ဆန္ဒပြ

အခု စာသင်နှစ်မှာလည်း ကလေးတွေ ကျောင်းစတက်ဖို့ နာရီပိုင်း အလိုမှာတင် ကျောင်းတွေ ပြန်ပိတ်ဖို့ အမိန့်ထုတ်ခဲ့တာကြောင့် တာလီဘန်တွေအပေါ် နိုင်ငံတကာ အသိုက်အဝန်းက အပြင်းအထန် ဝေဖန်နေပါတယ်။

အာဖဂန် နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်မှာ လွတ်လပ်စွာ ပညာသင်ကြားခွင့်အတွက် မိန်းကလေးတွေက တာလီဘန် အစိုးရ အဖွဲ့ကို ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ရက်စက် ကြမ်းကြုတ်ပြီး ပြည်သူတွေအပေါ် ဖိနှိပ်လွန်းတယ်လို့ နာမည်ဆိုး ထွက်နေတဲ့ တာလီဘန်တွေရဲ့ ပညာရေး ဝန်ကြီးဌာန ရုံးအဆောက်အအုံနားမှာ မိန်းကလေး အများစု အပါအဝင် လူ ၂ ဒါဇင်လောက် စုဝေးပြီး မတ်လ ၂၆ ရက်က ဆန္ဒပြခဲ့ကြတာပါ။

တစ်ချိန်က ဒီမိုကရေစီ ထွန်းကားခဲ့ပေမယ့် တာလီဘန် ကြီးစိုးနေတဲ့ လက်ရှိ ကာလမှာ အခုလို လူစု ဆန္ဒပြတယ်ဆိုတာ အကြီးအကျယ် စွန့်စားရတဲ့ အခြေအနေ တစ်ခုလည်း ဖြစ်ပါတယ်။ တာလီဘန်တွေဟာ အစွန်းရောက် ဘာသာရေး စည်းမျဉ်းတွေကို ကိုင်ဆွဲထားပြီး အမျိုးသမီးတွေကို ပညာသင်ခွင့် မပေးခဲ့ပါဘူး။

အခု စာသင်နှစ်မှာလည်း ကလေးတွေ ကျောင်းစတက်ဖို့ နာရီပိုင်း အလိုမှာတင် ကျောင်းတွေ ပြန်ပိတ်ဖို့ အမိန့်ထုတ်ခဲ့တာကြောင့် တာလီဘန်တွေအပေါ် နိုင်ငံတကာ အသိုက်အဝန်းက အပြင်းအထန် ဝေဖန်နေပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြသူတွေက ပညာသင်ခွင့်ဆိုတာ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးဖြစ်ကြောင်း၊ မိန်းကလေးတွေအတွက် ကျောင်းတွေ ဖွင့်ပေးဖို့ တောင်းဆိုကြောင်း စုဝေး အော်ဟစ်နေခဲ့ကြပါတယ်။ တာလီဘန် လက်နက်ကိုင်တွေက အင်အားသုံး ဖြိုခွင်းတာမျိုး မရှိပေမယ့် အနီးကနေ အခြေအနေကို စောင့်ကြည့်နေတာ တွေ့ရပါတယ်။

တာလီဘန်တွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း စုဝေး ဆန္ဒပြမှုတွေကို တားမြစ်တာ၊ ပါဝင်သူတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ပေမယ့် ဒီတစ်ကြိမ် ဆန္ဒပြပွဲကိုတော့ ခွင့်ပြုပေးထားခဲ့ပါတယ်။ တာလီဘန်တွေဟာ မူလတန်းအရွယ်ထိ ယောက်ျားလေး၊ မိန်းကလေး စာသင်ကျောင်းတွေကို ဖွင့်ပေးထားခဲ့ဖူးပေမယ့် အလယ်တန်း၊ အထက်တန်း မိန်းကလေးတွေကိုတော့ ကျောင်းတက်ခွင့် မပေးခဲ့ပါဘူး။

တာလီဘန် ပညာရေး ဝန်ကြီးဌာနက အလယ်တန်းအဆင့် မိန်းကလေးတွေရဲ့ ကျောင်းတွေကို အခု သီတင်းပတ်ထဲမှာ ပြန်ဖွင့်ပေးမယ်လို့ ကတိပေးခဲ့ပြီးမှ ဒီဆုံးဖြတ်ချက်ကို ရုတ်တရက် ပြန်ပြင်သွားခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်၊ ဗြိတိန်တို့ အပါအဝင် နိုင်ငံ ၁၀ ခုက တာလီဘန်တွေရဲ့ လုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်သွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။