Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာဖဂန် မိန်းကလေးတွေ ပညာသင်ခွင့်ရရေး တာလီဘန် အစိုးရကို ဆန္ဒပြ

အခု စာသင်နှစ်မှာလည်း ကလေးတွေ ကျောင်းစတက်ဖို့ နာရီပိုင်း အလိုမှာတင် ကျောင်းတွေ ပြန်ပိတ်ဖို့ အမိန့်ထုတ်ခဲ့တာကြောင့် တာလီဘန်တွေအပေါ် နိုင်ငံတကာ အသိုက်အဝန်းက အပြင်းအထန် ဝေဖန်နေပါတယ်။

အာဖဂန် နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်မှာ လွတ်လပ်စွာ ပညာသင်ကြားခွင့်အတွက် မိန်းကလေးတွေက တာလီဘန် အစိုးရ အဖွဲ့ကို ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ရက်စက် ကြမ်းကြုတ်ပြီး ပြည်သူတွေအပေါ် ဖိနှိပ်လွန်းတယ်လို့ နာမည်ဆိုး ထွက်နေတဲ့ တာလီဘန်တွေရဲ့ ပညာရေး ဝန်ကြီးဌာန ရုံးအဆောက်အအုံနားမှာ မိန်းကလေး အများစု အပါအဝင် လူ ၂ ဒါဇင်လောက် စုဝေးပြီး မတ်လ ၂၆ ရက်က ဆန္ဒပြခဲ့ကြတာပါ။

တစ်ချိန်က ဒီမိုကရေစီ ထွန်းကားခဲ့ပေမယ့် တာလီဘန် ကြီးစိုးနေတဲ့ လက်ရှိ ကာလမှာ အခုလို လူစု ဆန္ဒပြတယ်ဆိုတာ အကြီးအကျယ် စွန့်စားရတဲ့ အခြေအနေ တစ်ခုလည်း ဖြစ်ပါတယ်။ တာလီဘန်တွေဟာ အစွန်းရောက် ဘာသာရေး စည်းမျဉ်းတွေကို ကိုင်ဆွဲထားပြီး အမျိုးသမီးတွေကို ပညာသင်ခွင့် မပေးခဲ့ပါဘူး။

အခု စာသင်နှစ်မှာလည်း ကလေးတွေ ကျောင်းစတက်ဖို့ နာရီပိုင်း အလိုမှာတင် ကျောင်းတွေ ပြန်ပိတ်ဖို့ အမိန့်ထုတ်ခဲ့တာကြောင့် တာလီဘန်တွေအပေါ် နိုင်ငံတကာ အသိုက်အဝန်းက အပြင်းအထန် ဝေဖန်နေပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြသူတွေက ပညာသင်ခွင့်ဆိုတာ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးဖြစ်ကြောင်း၊ မိန်းကလေးတွေအတွက် ကျောင်းတွေ ဖွင့်ပေးဖို့ တောင်းဆိုကြောင်း စုဝေး အော်ဟစ်နေခဲ့ကြပါတယ်။ တာလီဘန် လက်နက်ကိုင်တွေက အင်အားသုံး ဖြိုခွင်းတာမျိုး မရှိပေမယ့် အနီးကနေ အခြေအနေကို စောင့်ကြည့်နေတာ တွေ့ရပါတယ်။

တာလီဘန်တွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း စုဝေး ဆန္ဒပြမှုတွေကို တားမြစ်တာ၊ ပါဝင်သူတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ပေမယ့် ဒီတစ်ကြိမ် ဆန္ဒပြပွဲကိုတော့ ခွင့်ပြုပေးထားခဲ့ပါတယ်။ တာလီဘန်တွေဟာ မူလတန်းအရွယ်ထိ ယောက်ျားလေး၊ မိန်းကလေး စာသင်ကျောင်းတွေကို ဖွင့်ပေးထားခဲ့ဖူးပေမယ့် အလယ်တန်း၊ အထက်တန်း မိန်းကလေးတွေကိုတော့ ကျောင်းတက်ခွင့် မပေးခဲ့ပါဘူး။

တာလီဘန် ပညာရေး ဝန်ကြီးဌာနက အလယ်တန်းအဆင့် မိန်းကလေးတွေရဲ့ ကျောင်းတွေကို အခု သီတင်းပတ်ထဲမှာ ပြန်ဖွင့်ပေးမယ်လို့ ကတိပေးခဲ့ပြီးမှ ဒီဆုံးဖြတ်ချက်ကို ရုတ်တရက် ပြန်ပြင်သွားခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်၊ ဗြိတိန်တို့ အပါအဝင် နိုင်ငံ ၁၀ ခုက တာလီဘန်တွေရဲ့ လုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်သွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် ထောက်လှမ်းရေးရဲ့ အဆိုအရ Tower 22 စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ အီရန်လုပ် အမျိုးအစားဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ တင်ပို့ထားတာတွေနဲ့လည်း တူညီတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။