Connect with us

Hi, what are you looking for?

News

သထုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို KNU၊ PDF ပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ် ​ခြောက်ဦးသေဟု ထုတ်ပြန်

KNU/PDF ပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ရက်ကလည်း သထုံမြို့နယ် ဝင်းပကျေးရွာ နှင့် ဝီယော်ကျေးရွာရှိ စစ်ကောင်ဏီ တပ်စခန်းနှစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့သည်။

ကရင်အမျိုးသာအးစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ် ပိန္နဲတောကျေးရွာရှိ စစ်ကောင် စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ​ခြောက်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု သထုံ PDFက သတင်းထုတ်ပြန်သည်။

Public Service Announcement

မတ်လ၂၆ ရက် နေ့လယ်၁၁နာရီခွဲခန့်တွင် သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၈)ရှေ့တန်းကွပ်ကဲရေးဌာနချုပ် အထိုင်စခန်းနှင့်ရှေ့တန်းစခန်း တို့အား KNLA တပ်မဟာ(၁) တပ်ရင်း(၂)၊ သထုံ PDF ၊ People’s Force နှင့် သထုံပြည်သူ့ပြောက်ကျားများ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

KNU/PDF ပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ရက်ကလည်း သထုံမြို့နယ် ဝင်းပကျေးရွာ နှင့် ဝီယော်ကျေးရွာရှိ စစ်ကောင်ဏီ တပ်စခန်းနှစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါ တပ်စခန်းနှစ်ခုအနက် ဝင်းပကျေးရွာရှိ ခမရ(၉) စခန်းသည် မတ်လ ၁၉ရက်က ကျောက်တောင်ကျေးရွာရှိ ဘုရားပွဲအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးငယ် တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ တပ်စခန်းကို KNU/PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ခွဲမှူး တစ်ဦး ဒဏ်ရာရပြီး အခြားထိခိုက်မှုများ ရှိ၊မရှိ အတည်ပြုနိုင်သေးဟု သထုံ PDFက ထိုစဉ်က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook