ကရင်အမျိုးသာအးစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ် ပိန္နဲတောကျေးရွာရှိ စစ်ကောင် စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု သထုံ PDFက သတင်းထုတ်ပြန်သည်။

မတ်လ၂၆ ရက် နေ့လယ်၁၁နာရီခွဲခန့်တွင် သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၈)ရှေ့တန်းကွပ်ကဲရေးဌာနချုပ် အထိုင်စခန်းနှင့်ရှေ့တန်းစခန်း တို့အား KNLA တပ်မဟာ(၁) တပ်ရင်း(၂)၊ သထုံ PDF ၊ People’s Force နှင့် သထုံပြည်သူ့ပြောက်ကျားများ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
KNU/PDF ပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ရက်ကလည်း သထုံမြို့နယ် ဝင်းပကျေးရွာ နှင့် ဝီယော်ကျေးရွာရှိ စစ်ကောင်ဏီ တပ်စခန်းနှစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တပ်စခန်းနှစ်ခုအနက် ဝင်းပကျေးရွာရှိ ခမရ(၉) စခန်းသည် မတ်လ ၁၉ရက်က ကျောက်တောင်ကျေးရွာရှိ ဘုရားပွဲအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးငယ် တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ တပ်စခန်းကို KNU/PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ခွဲမှူး တစ်ဦး ဒဏ်ရာရပြီး အခြားထိခိုက်မှုများ ရှိ၊မရှိ အတည်ပြုနိုင်သေးဟု သထုံ PDFက ထိုစဉ်က ထုတ်ပြန်ခဲ့သည်။

Public Service Announcement


















































