Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU နယ်မြေထဲက DJC ကောလိပ် ဘွဲ့နှင်းသဘင်ကျင်းပ

အဲ့ဒီအခမ်းအနားမှာ ကေအဲန်ယူ ဗဟို၊ ခရိုင်၊ မြို့နယ်ခေါင်းဆောင်တွေ၊ တပ်မဟာ တပ်ရင်းက​ ခေါင်းဆောင်တွေနဲ့ ကျောင်းသားမိဘတွေ၊ ဧည့်သည်တွေအပါအဝင် စုစုပေါင်းလူဦးရေ (၃၀၀) ခန့် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် Doo Tha Htu College (DJC) ကျောင်းဆင်းပွဲနဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဒီကနေ့ ဧပြီ ၈ ရက်မှာ ကျင်းပခဲ့ပါတယ်။

ဘီးလင်းမြို့နယ် လယ်ဖိုးကျေးနယ်အုပ်စု ထီးလေးခေါ့ကျေးရွာ Junior College ကျောင်းမှာ ကျင်းပခဲ့တာပါ။

အဲ့ဒီအခမ်းအနားမှာ ကေအဲန်ယူ ဗဟို၊ ခရိုင်၊ မြို့နယ်ခေါင်းဆောင်တွေ၊ တပ်မဟာ တပ်ရင်းက​ ခေါင်းဆောင်တွေနဲ့ ကျောင်းသားမိဘတွေ၊ ဧည့်သည်တွေအပါအဝင် စုစုပေါင်းလူဦးရေ (၃၀၀) ခန့် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အခုနှစ်ကျောင်းဆင်းပွဲနဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ (၂၈) ဦးကို ဘွဲ့လက်မှတ်အပ်နှင်းခဲ့ပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ လေးနှစ်တာအတွင်း ဒူးသထူဂျူနီယာကောလိပ်ကနေ အောင်မြင်ပြီး ဘွဲ့လက်မှတ်အပ်နှင်ခြင်းခံရတဲ့ ကျောင်းသားကျောင်းသူစုစု​ပေါင်း (၄၁) ဦးရှိခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒူးသထူဂျူနီယာကောလိပ်(DJC)ဟာ ကော်သူးလေ ကရင့်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန(KECD)လက်အောက်ခံ ကျောင်းတစ်ကျောင်းဖြစ်ပြီး အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံနဲ့ ကွန်ပျူတာ ဘာသာရပ်ငါးရပ်ကို အဓိကထား သင်ကြားပို့ချက်လျက်ရှိတာပါ။

ဒူးသထူဂျူနီယာကောလိပ်(DJC)ဟာ ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင်(သထုံ) ဘီးလင်းမြို့နယ်အတွင်းမှာရှိပြီး ၂၀၁၄ ခုနှစ် ဇွန်လပိုင်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။