Connect with us

Hi, what are you looking for?

News

မုံရွာ၊ ချောင်းဦးနှင့် မြင်းမူနယ်များရှိ လမ်းပိုင်း လေးခုကို ယာယီပိတ်ထား​ကြောင်း ​ချောင်းဦးPDF ထုတ်ပြန်

အဆိုပါလမ်းပိုင်းများ၌ အကြမ်းဖက်စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး အကြမ်းဖက်စစ်ကောင်စီယာဥ်များနှင့် ကပ်လျက်လိုက်ပါမောင်းနှင်ခြင်းမပြုကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

(မုံရွာ-မန္တလေးလမ်းပိုင်း၌ ယခင်လပိုင်းအတွင်းက စစ်တပ်ကားများ မိုင်းဆွဲခံရ၍ စောင့်ဆိုင်းနေသော ယာဥ်များ)

စစ်ကိုင်းတိုင်း၊ မုံရွာ၊ ချောင်းဦးနှင့် မြင်းမူနယ်များရှိ လမ်းပိုင်း လေးခုကို အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယနေ့နံနက် ၁၁ နာရီမှစတင်ကာ ဖြတ်သန်းခွင့်ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာသည်။

ယနေ့ ဧပြီလ ၂၃ ရက် နံနက် ၁၁ နာရီမှစတင်ကာ မုံရွာ – ချောင်းဦး – မြင်းမူလမ်းပိုင်း၊ မုံရွာ – အမြင့်လမ်းပိုင်း၊ ချောင်းဦး – အမြင့်လမ်းပိုင်းနှင့် ချောင်းဦး – ပခုက္ကူလမ်းပိုင်းများကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း၊ အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံအပ်သည်။

အဆိုပါလမ်းပိုင်းများ၌ အကြမ်းဖက်စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး အကြမ်းဖက်စစ်ကောင်စီယာဥ်များနှင့် ကပ်လျက်လိုက်ပါမောင်းနှင်ခြင်းမပြုကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

Facebook