Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးဒုတ်ကွင်း ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်များ ထပ်မံဝင်ရောက်တိုက်ခိုက်

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ၌ မဟာမိတ်ပူးပေါင်းတပ်များဘက်က ကျည်အင်အား မလုံလောက်မှု၊ လက်နက်အင်အားမမျှတမှုကြောင့် ပြန်လည်နောက် ဆုတ်ပေးခဲ့ရသည်ဟု ဖော်ပြထားသည်။

မကွေးတိုင်း ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာရှိ စစ်ကောင် စီတပ်နှင့် ပျူစောထီးများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ညပိုင်း၌ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုရှိသည်ဟု ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ပေါက်မြို့နယ်ရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်များနှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည့် ဒီးဒုတ်ကွင်း ပျူရွာကို Young Revolution Front (YRF) ၊ Southern Pauk Guerrilla Force( SPGF) ၊ Yaw Defence Force ( Saw-YDF)နှင့် Southern Pauk People’s Defense Force(SPPDF) တို့က မေလ ၂ရက်ည ၂နာရီခန့်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ကြာ ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ၌ မဟာမိတ်ပူးပေါင်းတပ်များဘက်က ကျည်အင်အား မလုံလောက်မှု၊ လက်နက်အင်အားမမျှတမှုကြောင့် ပြန်လည်နောက် ဆုတ်ပေးခဲ့ရသည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်က တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဒီးဒုတ်ကွင်းရွာကို ဧပြီ ၂၄ရက်ကလည်း ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ခဲ့သည်။ ထိုစဉ်က ဒီးဒုတ်ကွင်းရွာကို စစ်ကူလာသည့် စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိနိုင်သည်ဟု ပေါက်တောင်ပိုင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။