Connect with us

Hi, what are you looking for?

News

ဒီးဒုတ်ကွင်း ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်များ ထပ်မံဝင်ရောက်တိုက်ခိုက်

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ၌ မဟာမိတ်ပူးပေါင်းတပ်များဘက်က ကျည်အင်အား မလုံလောက်မှု၊ လက်နက်အင်အားမမျှတမှုကြောင့် ပြန်လည်နောက် ဆုတ်ပေးခဲ့ရသည်ဟု ဖော်ပြထားသည်။

မကွေးတိုင်း ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာရှိ စစ်ကောင် စီတပ်နှင့် ပျူစောထီးများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ညပိုင်း၌ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုရှိသည်ဟု ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ပေါက်မြို့နယ်ရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်များနှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည့် ဒီးဒုတ်ကွင်း ပျူရွာကို Young Revolution Front (YRF) ၊ Southern Pauk Guerrilla Force( SPGF) ၊ Yaw Defence Force ( Saw-YDF)နှင့် Southern Pauk People’s Defense Force(SPPDF) တို့က မေလ ၂ရက်ည ၂နာရီခန့်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ကြာ ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ၌ မဟာမိတ်ပူးပေါင်းတပ်များဘက်က ကျည်အင်အား မလုံလောက်မှု၊ လက်နက်အင်အားမမျှတမှုကြောင့် ပြန်လည်နောက် ဆုတ်ပေးခဲ့ရသည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်က တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဒီးဒုတ်ကွင်းရွာကို ဧပြီ ၂၄ရက်ကလည်း ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ခဲ့သည်။ ထိုစဉ်က ဒီးဒုတ်ကွင်းရွာကို စစ်ကူလာသည့် စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိနိုင်သည်ဟု ပေါက်တောင်ပိုင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook