Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် သမ္မတကတော် ယူကရိန်းနိုင်ငံကို သွားရောက်

မေလ ၈ ရက်မှာ ဂျီလ်ဟာ ယူကရိန်း သမ္မတကတော် အိုလီနာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အိုလီနာဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားတပ်တွေက ယူကရိန်းကို ကျူးကျော်စစ်ပြုခဲ့တဲ့ ကာလကတည်းက ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပြန်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတကတော် ဂျီလ်ဘိုင်ဒန်ဟာ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ကြောင်း သိရပါတယ်။

မေလ ၈ ရက်မှာ ဂျီလ်ဟာ ယူကရိန်း သမ္မတကတော် အိုလီနာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အိုလီနာဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားတပ်တွေက ယူကရိန်းကို ကျူးကျော်စစ်ပြုခဲ့တဲ့ ကာလကတည်းက ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပြန်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

သမ္မတကတော် နှစ်ဦးဟာ နယ်စပ်မြို့လေး တစ်ခုဖြစ်တဲ့ အက်ဇ်ဟိုရော့ဒ်က ကျောင်းလေးတစ်ကျောင်းမှာ တွေ့ဆုံဖြစ်ခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးတွေက ကိယက်ဗ် မြို့တော်ထိ သွားရောက်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ပိုင်း အမေရိကန် သမ္မတ ကတော်ပါ ယူကရိန်းမြေကို ခြေချလာပြီး စစ်ပွဲမှာ ယူကရိန်းကို အားပေး ထောက်ခံကြောင်း ပြသလာတာ ဖြစ်ပါတယ်။

ဂျီလ်က ယူကရိန်းကို သွားရောက်ချိန်နဲ့ မရှေးမနှောင်းမှာပဲ အမေရိကန် အစိုးရဟာ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ ထပ်မံ ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ ရုရှားနဲ့ မဟာမိတ် ဘီလားရုစ် နိုင်ငံတွေက လူပေါင်း ၂၆၀၀ ကို ပြည်ဝင်ခွင့် ပိတ်ပင် တားမြစ်မှုတွေလည်း ပါဝင်ပါတယ်။ အမေရိကန်ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် စတင်လာချိန် ကတည်းက ရုရှားအပေါ် တစ်ရစ်ချင်းစီ တင်းကျပ်ပြီး အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုနောက်ဆုံး ကြေညာချက်အရ ရုရှားရဲ့ ရုပ်မြင်သံကြား ဌာန ၃ ခုနဲ့ အမှုဆောင် ပုဂ္ဂိုလ်တွေကလည်း အမေရိကန်ရဲ့ နာမည်ပျက် စာရင်းသွင်းခြင်းကို ခံလာရပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7ရဲ့ ခေါင်းဆောင်တွေကလည်း ရုရှားရဲ့ ရေနံတွေ ဝယ်ယူရေးကို တားဆီး ပိတ်ပင်သွားမယ်လို့ ပြောကြားထားပါတယ်။

ဂျီလ်က သူ့ရဲ့ ခရီးစဉ်ဟာ အမေရိကန် ပြည်သူတွေက စစ်ဘေးသင့် ယူကရိန်း ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတွေ ရပ်တန့်သင့်ပြီလို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။ အိုလီနာက စစ်ဖြစ်နေတဲ့ နိုင်ငံထိ လာရောက် အားပေးစကား ပြောခဲ့တဲ့ ဂျီလ်ရဲ့ သတ္တိအတွက် ချီးကျူး ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ဂျီလ်ရဲ့ ခရီးစဉ်ကြောင့် ယူကရိန်း ပြည်သူတွေဟာ ချစ်ခြင်းမေတ္တာနဲ့ အားပေး နွေးထွေးမှုတွေကို ခံစားထိတွေ့မိကြောင်းလည်း ယူကရိန်း သမ္မတ ကတော်က ဆိုတယ်။

ဒီအတောအတွင်း ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူဟာလည်း ယူကရိန်းကို ရောက်ရှိလာခဲ့ပါတယ်။ ထရူဒူက ကနေဒါဟာ ယူကရိန်း စစ်တပ်အတွက် လိုအပ်မယ့် လက်နက်နဲ့ အသုံးအဆောင် အသစ်တွေကို ပေးပို့သွားမယ်လို့ အတည်ပြုခဲ့ပြီး ရုရှားက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတချို့ကိုလည်း ကနေဒါ အစိုးရက အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။