Connect with us

Hi, what are you looking for?

News

Project 7အတွက်ပြည်သူတစ်ဦးကမင်္ဂလာဦးစိန်လက်စွပ်လှူဒါန်း

ရံပုံငွေသိန်းတစ်ထောင်လိုအပ်သော်လည်းမျှော်မှန်းသလောက်အလှူငွေမရသေးသည့် သတင်းကြောင့် ပြည်သူတစ်ဦးက သူပိုင်ဆိုင်သော မဂ်လာဦးစိန်လက်စွပ်တစ်ကွင်းကို မေလ ၁၉ရက်တွင် ပေးပို့ လှူဒါန်းခြင်းဖြစ်သည်။

(ပြည်သူတစ်ဦးက လှူဒါန်း​သောစိန်လက်စွပ်။ ဓါတ်ပုံ-Nyi Thuta's Diary)

အကြမ်းဖက်စစ်ကောင်စီတပ်ကို တန်ပြန် ထိုးစစ်ဆင်ရေး လက်နက်ကြီးဝယ်ယူနိုင်ရန်အတွက် KNDFက ရံပုံငွေရှာနေသည့် အစီအစဥ်အောင်မြင်စေရန် ပြည်သူတစ်ဦးက မဂ်လာဦးစိန်လက်စွပ်တစ်ကွင်းကို လှူဒါန်းလိုက်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF နှင့် CDM ဗိုလ်ကြီး ညီသုတတို့ ပြုလုပ်နေသည့် Project 7 အမည်ဖြင့် ရံပုံငွေရှာဖွေရေးအစီအစဥ်ကို အမျိုးသမီးတစ်ဦးက မဂ်လာဦးလက်စွပ်ကို ပေးပို့လှူဒါန်းခြင်းဖြစ်သည်။

“ကျနော်တို့ Project -7 ဟာ Fail မလိုဖြစ်နေတဲ့ သတင်းကြောင့် အစ်မတစ်ယောက်ကလာပြီး သူ့မဂ်လာဦးလက်ဖွဲ့ရထားတဲ့ လက်စွပ်လေးတစ်ကွင်းပေးပို့လာပါတယ်”ဟုဗိုလ်ကြီးညီသုတက အသိပေး ထားသည်။

KNDF တပ်ရင်း(၂)နှင့် တပ်ရင်း (၆)အတွက် RPG နှစ်လက်နှင့် ထိပ်ဖူးကျည်များဝယ်ယူမည့် Project 7 ရံပုံငွေ ရှာဖွေရေး campaign ကို မေလလယ်မှစတင်ခဲ့ပြီး မေလ ၂၀ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ရံပုံငွေသိန်းတစ်ထောင်လိုအပ်သော်လည်းမျှော်မှန်းသလောက်အလှူငွေမရသေးသည့် သတင်းကြောင့် ပြည်သူတစ်ဦးက သူပိုင်ဆိုင်သော မဂ်လာဦးစိန်လက်စွပ်တစ်ကွင်းကို မေလ ၁၉ရက်တွင် ပေးပို့ လှူဒါန်းခြင်းဖြစ်သည်။

လက်စွပ်သည် ကျပ် ၁၅သိန်းမှသိန်း၂၀ကြား တန်ကြေးရှိပြီး KNDF နှင့် ဗိုလ်ကြီးညီသုတက မဲရောင်းခြင်းဖြင့်လိုအပ်သောရံပုံငွေရှာရန် စီစဥ်ထားသည်။အဆိုပါလက်စွပ်အတွက်တစ်မဲလျှင် တစ်သောင်းကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး မေလ ၂၀ရက် ည ၈နာရီ ၃၀မိနစ်တွင် live လွှင့်ပြီး မဲဖောက်မည်ဖြစ်သည်။

“Project -7 Fail မှာစိုးလို့ အမြတ်တနိုးတန်ဖိုးထားရတဲ့ မဂ်လာဦးလက်ဖွဲ့ လက်စွပ် တောင်ပေးလှူရဲတဲ့သူရှိသေးတာပဲ ကျန်တဲ့တတ်နိုင်တဲ့သူတွေကလည်း မဲတစ်စောင်နိုင်နိုင် နှစ်စောင်နိုင်နိုင် ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဗိုလ်ကြီးညီသုတကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံစစ်ဖြင့် တိုက်နေရာမှ ထိုးစစ်စတင်နိုင်ရေးအတွက် လက်နက်ကြီးဝယ်ယူနိုင်ရန် ပြည်သူလူထု၏ ထောက်ပံ့မှုအရေးတကြီးလိုအပ်နေသည်ဟု KNDF က တောင်းဆိုထားသည်။

‌Project-7 အတွက်အလှူငွေထည့်ဝင်ရန်နှင့် လက်စွပ်မဲဝယ်ယူရန်ဗိုလ်ကြီးညီသုတ၏ NyiThuta’s Diary Page မှတဆင့် KNDF တပ်ရင်းရံပုံငွေအဖွဲ့က တိုက်ရိုက်လက်ခံသွားမည်ဖြစ်သည်။ လှုုဒါန်းရန်အတွက်အောက်ပါ Link https://fb.watch/cSOORrMPsA/ သို့ ဆက်သွယ်နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

One Championship ရဲ့ ဂျပန် ကစ်ဘောင်ဆင် ဖိုက်တာ တာခဲရုဟာ မြန်မာနိုင်ငံ တောင်ကြီးမြို့က အေးသာယာရပ်ကွက် ရွှေတောင်တန်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်မှာ စာသင်ကျောင်းဆောင်သစ် လှူဒါန်းခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Trending

Facebook