Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ပင်လယ်နက် ရေတပ်ဖွဲ့ကို ဖျက်ဆီးဖို့ ကြံစည်နေကြောင်း စွပ်စွဲချက်တွေကို အမေရိကန် ငြင်းဆို

ပင်လယ်နက်ထဲမှာ ဖြန့်ကျက် လှုပ်ရှားနေတဲ့ ရုရှားရေတပ်မှာ ရေငုပ်သင်္ဘောတွေ အပါအဝင် ရေယာဉ် ၂၀ လောက် ရှိမယ်လို့ ဗြိတိန် စစ်ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။

ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ နောက်ကွယ်ကနေ ကြံစည်နေကြောင်း ယူကရိန်းရဲ့ ပြောဆိုမှုကို အမေရိကန်က ငြင်းဆိုသွားခဲ့ပါတယ်။

ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ဟာ ဒေသတွင်းမှာရှိတဲ့ အရေးပါတဲ့ ယူကရိန်း ဆိပ်ကမ်းတွေကို ပိတ်ဆို့ဖို့ အဓိက တာဝန်ယူထားတဲ့ စစ်ရေး အင်အားစုကြီး ဖြစ်နေပါတယ်။ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အနီးကပ် ကြီးကြပ်နေတဲ့ ယူကရိန်း စစ်ဘက် အရာရှိ တချို့က ရုရှား ပင်လယ်နက် ရေတပ်ဖွဲ့ကို ဖျက်ဆီးအား ပြင်းထန်တဲ့ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက် ဖြိုခွင်းသွားဖို့ အစီအစဉ်တစ်ခု ကြိုးစား အကောင်အထည် ဖော်နေကြောင်း ပြောပါတယ်။

အမေရိကန်ကလည်း ယူကရိန်းရဲ့ ဆိပ်ကမ်းတွေကို ပြန်ဖွင့်နိုင်ဖို့ အစီအမံတစ်ခု ပြင်ဆင်နေတယ်လို့ အလေးအနက် ယုံကြည်ကြောင်း ယူကရိန်း ပြည်ထဲရေး ဝန်ကြီးဌာန အကြံပေး အရာရှိ အန်တန် ဂီရက်စ်ချန်ကိုက Twitterမှာ ရေးသားခဲ့ပါတယ်။ အခုဆိုရင် အမေရိကန်ဆီက Harpoonနဲ့ ကီလိုမီတာ ၃၀၀ လောက်ထိ ပျံသန်းနိုင်တဲ့ ရေတပ် တိုက်ခိုက်ရေး ဒုံးကျည်တွေ လက်လွှဲယူနိုင်ရေးကိစ္စ ဆွေးနွေးနေကြပြီလို့ ဂီရက်စ်ချန်ကိုက ပြောပါတယ်။

ရုရှား ပင်လယ်နက် ရေတပ်ဖွဲ့ရဲ့ အကြီးမားဆုံး၊ အစွမ်းအထက်ဆုံး စစ်သင်္ဘောကြီး Moskvaကို ယူကရိန်းက ဒုံးကျည်တွေနဲ့ ပစ်ခတ် နှစ်မြှုပ်လိုက်ပြီး လပိုင်းလောက် အကြာမှာ အခုလို အခြေအနေတွေ ပေါ်ပေါက်လာတာပါ။ Reuters သတင်းဌာနကလည်း ယူကရိန်း အနေနဲ့ ရုရှားရဲ့ ရေကြောင်း ပိတ်ဆို့မှုတွေကနေ ထိုးဖောက်နိုင်မယ့် ခေတ်မီ ဒုံးကျည်လက်နက်တွေ ပံ့ပိုးသွားဖို့ အမေရိကန်က စီစဉ်နေကြောင်း ဖော်ပြခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ပင်လယ်နက်ထဲမှာ ဖြန့်ကျက် လှုပ်ရှားနေတဲ့ ရုရှားရေတပ်မှာ ရေငုပ်သင်္ဘောတွေ အပါအဝင် ရေယာဉ် ၂၀ လောက် ရှိမယ်လို့ ဗြိတိန် စစ်ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ ယူကရိန်းဆီ အစွမ်းထက် ဒုံးကျည်တွေ ပေးပို့ဖို့ စီစဉ်ထားပြီး ဖြစ်တယ် ဆိုတာကို ငြင်းပယ်သွားခဲ့ပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ရာနှုန်းပြည့် မမှန်ကန်ပါဘူးလို့ ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ဆိုပါတယ်။

နိုင်ငံတကာ လက်နက်ရေးရာ ပါရဂူတွေကတော့ Harpoonနဲ့ အမေရိကန်ရဲ့ ရေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေကိုသာ ယူကရိန်းက လက်ခံရရှိခဲ့မယ်ဆိုရင် ပင်လယ်နက် ဒေသက ရေကြောင်း တိုက်ပွဲတွေရဲ့ လားရာဟာ အကြီးအကျယ် ပြောင်းလဲသွားနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။