Connect with us

Hi, what are you looking for?

News

မုံရွာတွင်အနက်​ရောင်စစ်ဆင်​ရေး အရှိန်မြှင့်မည်ဖြစ်၍ ယ​နေ့ပြည်သူများ မလို အပ်ဘဲအပြင်မထွက်ရန် သတိ​ပေး

စစ်ဆင်ရေးများကိုသာ အဓိကထား၍ လုပ်ဆောင်မည်ဖြစ်သောကြောင့်ကြေညာချက်ကို လိုက်နာပေးရန် မြို့ပြပြောက်ကျားအဖွဲ့များက မေတ္တာရပ်ခံသည်။

မုံရွာမြို့ကို အ​ပေါ်စီးမှ ​တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်နေသည့် အနက်ရောင်စစ်ဆင်ရေး အရှိန်မြှင့်မည်ဖြစ်၍ ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ကြရန် မြို့ပြပြောက်ကျားအဖွဲ့ ၉ ဖွဲ့က သတိပေးသည်။

Monywa UG တပ်​ပေါင်းစု၏ ​ကြေညာချက်

ယနေ့ မေလ၂၅ ရက်နေ့မှစ၍ အနက်ရောင်စစ်ဆင်ရေးအရှိန်မြှင့်မည်ဟု မုံရွာအခြေစိုက် ဒေသတွင်း ပြောက်ကျားအဖွဲ့များက ပြောသည်။ ထို့ကြောင့် အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ရန်၊ အကြမ်းဖက်စစ်တပ်များရှိရာနေရာများသို့ ဖြတ်သန်းသွားလာခြင်းမပြုရန်၊ ကားမှန်ချမောင်းနှင်ရန် ၎င်းတို့က သတိပေးသည်။

စစ်ဆင်ရေးများကိုသာ အဓိကထား၍ လုပ်ဆောင်မည်ဖြစ်သောကြောင့်ကြေညာချက်ကို လိုက်နာပေးရန် မြို့ပြပြောက်ကျားအဖွဲ့များက မေတ္တာရပ်ခံသည်။

စစ်​ကောင်စီက ယမန်နေ့က မုံရွာမြို့တွင်လ​ည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများအားလုံးကို နံနက် ၇ နာရီမှစတင်ကာ ၆ နာရီကြာ ပိတ်ထားခဲ့ပြီး ​မွန်းလွဲ ၁ နာရီတွင် ပြန်ဖွင့်ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။