Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တူရကီရဲ့ နာမည်ကို တရားဝင် ပြောင်းလဲ ခေါ်ဆိုဖို့ ကုလသမဂ္ဂ သဘောတူ

နိုင်ငံနာမည် ပြောင်းလဲမှုကို လူသိများအောင် လုပ်ဆောင်မှု တစ်ခုအဖြစ် ပြည်ပကို တင်ပို့တဲ့ ကုန်စည်တွေမှာ “တူကီရယ်တွင် ပြုလုပ်သည်”ဆိုတဲ့ စာသားကို ဖော်ပြထားမှာပါ။ ဒါ့အပြင် ပြည်တွင်းကို ဝင်ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကိုလည်း နာမည် အသစ်နဲ့ ရင်းနှီးအောင် မိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်။

တူရကီ
တူရကီ

နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာသုံး နာမည်ကို တရားဝင် ပြောင်းလဲ မှည့်ခေါ်သွားတော့မယ်လို့ သိရပါတယ်။

တူရကီ အစိုးရက နိုင်ငံရဲ့ နာမည်ကို ပြောင်းလဲ သတ်မှတ် ခေါ်ဝေါ်စေဖို့ အဆိုပြု ပန်ကြားထားမှုကို ကုလသမဂ္ဂ အဖွဲ့ကြီးက လက်ခံ ပေးလိုက်ပြီ ဖြစ်ပါတယ်။ တူရကီ အစိုးရဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း တချို့ကို နိုင်ငံရဲ့ နာမည် အခေါ်အဝေါ် ပြောင်းလဲပေးဖို့ တရားဝင် ပန်ကြားထားပါတယ်။ တူရကီက ပြည်တွင်းမှာ အသုံးပြုတဲ့ အခေါ်အဝေါ်အတိုင်း တူကီရယ်ဆိုတဲ့ အသုံးအနှုန်းကို အပြည်ပြည်ဆိုင်ရာ အတိုင်းအတာထိ ပြောင်းလဲစေချင်နေတာ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်က အကောင်အထည်ဖော်ဖို့ စီစဉ်လာတဲ့ ပုံရိပ်သစ် ပြင်ဆင် ပြောင်းလဲရေး စီမံကိန်း အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်ပါတယ်။ တူကီရယ်ဆိုတဲ့ စကားလုံးဟာ တူရကီ ပြည်သူတွေရဲ့ ယဉ်ကျေးမှု၊ တန်ဖိုးနဲ့ ပုံရိပ်တွေကို ကိုယ်စားပြုကြောင်း ဒီဇင်ဘာလမှာ သမ္မတ အာဒိုဝမ်က ပြောခဲ့ဖူးပါတယ်။

ပြည်တွင်းမှာတော့ ပြည်သူတွေက တူကီရယ်လို့ တွင်တွယ်ကျယ်ကျယ် ခေါ်ဝေါ် သုံးစွဲနေပေမယ့် နိုင်ငံတကာ အသိုက်အဝန်းမှာတော့ တူရကီဆိုတဲ့ စကားလုံးကသာ လူသိများနေခဲ့ပါတယ်။ အစိုးရ အနေနဲ့ နိုင်ငံနာမည်ကို ပြင်ဆင် ပြောင်းလဲချင်တဲ့ နောက်ထပ် ရည်ရွယ်ချက် တစ်ခုကတော့ တူရကီဆိုတဲ့ စာလုံးပေါင်းက အင်္ဂလိပ် စကားမှာ ကြက်ဆင်ဆိုတဲ့ ဝေါဟာရနဲ့ တူညီနေတာကြောင့်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံနာမည် ပြောင်းလဲမှုကို လူသိများအောင် လုပ်ဆောင်မှု တစ်ခုအဖြစ် ပြည်ပကို တင်ပို့တဲ့ ကုန်စည်တွေမှာ “တူကီရယ်တွင် ပြုလုပ်သည်”ဆိုတဲ့ စာသားကို ဖော်ပြထားမှာပါ။ ဒါ့အပြင် ပြည်တွင်းကို ဝင်ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကိုလည်း နာမည် အသစ်နဲ့ ရင်းနှီးအောင် မိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက နယ်သာလန် နိုင်ငံဟာ ဟော်လန်ဆိုတဲ့ တခြားနာမည်ကို တရားဝင် ပယ်ဖျက်ခဲ့ပြီး မက်စီဒိုးနီးယားကလည်း ဂရိနဲ့ နိုင်ငံရေး ပြဿနာ တချို့ကို အကြောင်းပြုပြီး မြောက်ပိုင်း မက်စီဒိုးနီးယားလို့ နာမည် ပြောင်းခဲ့ပါတယ်။ ဆွာဇီလန် နိုင်ငံကလည်း ၂၀၁၈ မှာ အက်စ်ဝါတီနီလို့ နာမည် ပြောင်းခဲ့ပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်ရင်လည်း ပါရှားဟာ အီရန်လို့ နာမည်ပြောင်းတာမျိုး၊ ဆိုင်ယမ်က ဒီနေ့ခေတ် ထိုင်းနိုင်ငံ ဖြစ်လာတာမျိုး၊ ရိုဒေးရှားက ဇင်ဘာဘွေ နိုင်ငံအဖြစ် ပြောင်းလဲသွားတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်က ကြားဖြတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိတ်တိတ်လေး လေယာဉ်ပြောင်းစီးခဲ့ရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။