Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ်တွင် အင်အား ၈၀ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ဗိုလ်နဂါးဦးဆောင်သောတပ်နှင့် PDFတို့ ပူးပေါင်းတိုက်ခိုက်ရာ ၁၅ဦးသေ

“အခုက ရန်သူလာမယ့် လမ်းကြောင်းတွေကို ကြိုသိနေပေမယ့်တိုက်ပွဲကို ကြားဖြတ်လောက်ပဲ ကျွန်တော်တို့ တိုက်နိုင်နေတယ်။အဓိကတော့ ကျည်၊ခဲယမ်း မလုံလောက်ဘူးဖြစ်နေတယ်”ဟု DBTF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ကနီမြို့နယ်
ကနီမြို့နယ်

အင်အား၈၀ခန့်ပါရှိသော စစ်ကောင်စီတပ် စစ်ကြောင်းကို ကနီမြို့နယ်တွင် တိုက်ခိုက်ခဲ့ရာ ၁၅ ဦးခန့်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)က ယနေ့(ဇွန် ၆ ရက်) ထုတ် ပြန်သည်။

တိုက်ပွဲဖြစ်စဥ်အရ ယမန်နေ့(ဇွန် ၅ ရက်) နံနက် ၈နာရီခွဲခန့်က ချင်းတွင်းမြစ်ကြောင်းရှိ စစ် ကောင်စီတပ်ကို ကာကွယ်ရန် ကနီမြို့နယ် အိုင်းတောင်မှထွက်ခွာလာသော စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို သပြေတောရွာမရောက်မီ အနောက်ဘက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်စဥ်နေရာတွင် စစ်ကောင်စီတပ်သား ၁၅ဦးလဲကျသွားသည်ကို MRDA က အတည်ပြုသည်။

ထို့နောက် အထိနာခဲ့သောအကြမ်းဖက်စစ်ကောင်စီက အနီးရှိကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A/ဆားလင်းကြီး)မှ ဒေါင်းမျိုးဆက်PDF တော်လှန်ရေးတပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယမန်နေ့က ချင်းတွင်းမြစ်ရိုးတစ်လျှောက် ကျောက်စိမ်းဖလပ်ခွန်များကို ကုန်းကြောင်းမှ တပ်ကူပေးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးကြောင်းနဂါးညီနောင်အထူးတပ်ဖွဲ့(DBTF)ကလည်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ရဲဘော်နှစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

“အခုက ရန်သူလာမယ့် လမ်းကြောင်းတွေကို ကြိုသိနေပေမယ့်တိုက်ပွဲကို ကြားဖြတ်လောက်ပဲ ကျွန်တော်တို့ တိုက်နိုင်နေတယ်။အဓိကတော့ ကျည်၊ခဲယမ်း မလုံလောက်ဘူးဖြစ်နေတယ်”ဟု DBTF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

၁နာရီအကြာထိတွေ့မှုနောက်ပိုင်း စစ်ကောင်စီတပ်က ကနီမြို့နယ်၊ အုန်းပင်ဆိပ်ရွာကို မီးရှို့ခဲ့ သည်ဟု DBTF က အသိပေးသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။