Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တွင် အင်အား ၈၀ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ဗိုလ်နဂါးဦးဆောင်သောတပ်နှင့် PDFတို့ ပူးပေါင်းတိုက်ခိုက်ရာ ၁၅ဦးသေ

“အခုက ရန်သူလာမယ့် လမ်းကြောင်းတွေကို ကြိုသိနေပေမယ့်တိုက်ပွဲကို ကြားဖြတ်လောက်ပဲ ကျွန်တော်တို့ တိုက်နိုင်နေတယ်။အဓိကတော့ ကျည်၊ခဲယမ်း မလုံလောက်ဘူးဖြစ်နေတယ်”ဟု DBTF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ကနီမြို့နယ်
ကနီမြို့နယ်

အင်အား၈၀ခန့်ပါရှိသော စစ်ကောင်စီတပ် စစ်ကြောင်းကို ကနီမြို့နယ်တွင် တိုက်ခိုက်ခဲ့ရာ ၁၅ ဦးခန့်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)က ယနေ့(ဇွန် ၆ ရက်) ထုတ် ပြန်သည်။

တိုက်ပွဲဖြစ်စဥ်အရ ယမန်နေ့(ဇွန် ၅ ရက်) နံနက် ၈နာရီခွဲခန့်က ချင်းတွင်းမြစ်ကြောင်းရှိ စစ် ကောင်စီတပ်ကို ကာကွယ်ရန် ကနီမြို့နယ် အိုင်းတောင်မှထွက်ခွာလာသော စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို သပြေတောရွာမရောက်မီ အနောက်ဘက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်စဥ်နေရာတွင် စစ်ကောင်စီတပ်သား ၁၅ဦးလဲကျသွားသည်ကို MRDA က အတည်ပြုသည်။

ထို့နောက် အထိနာခဲ့သောအကြမ်းဖက်စစ်ကောင်စီက အနီးရှိကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A/ဆားလင်းကြီး)မှ ဒေါင်းမျိုးဆက်PDF တော်လှန်ရေးတပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယမန်နေ့က ချင်းတွင်းမြစ်ရိုးတစ်လျှောက် ကျောက်စိမ်းဖလပ်ခွန်များကို ကုန်းကြောင်းမှ တပ်ကူပေးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးကြောင်းနဂါးညီနောင်အထူးတပ်ဖွဲ့(DBTF)ကလည်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ရဲဘော်နှစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

“အခုက ရန်သူလာမယ့် လမ်းကြောင်းတွေကို ကြိုသိနေပေမယ့်တိုက်ပွဲကို ကြားဖြတ်လောက်ပဲ ကျွန်တော်တို့ တိုက်နိုင်နေတယ်။အဓိကတော့ ကျည်၊ခဲယမ်း မလုံလောက်ဘူးဖြစ်နေတယ်”ဟု DBTF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

၁နာရီအကြာထိတွေ့မှုနောက်ပိုင်း စစ်ကောင်စီတပ်က ကနီမြို့နယ်၊ အုန်းပင်ဆိပ်ရွာကို မီးရှို့ခဲ့ သည်ဟု DBTF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook