Connect with us

Hi, what are you looking for?

ဗီဒီယို

ဗြိတိသျှ ကိုလိုနီ ဖြစ်ဖူးတဲ့ သမိုင်းကို ဟောင်ကောင် ကျောင်းသင်ရိုးမှာ ဖယ်ရှားဖို့ စီစဉ်

တရုတ် အစိုးရ အနေနဲ့ ဗြိတိသျှတွေက ဟောင်ကောင်ကို သိမ်းပိုက်ခဲ့တာကို အသိအမှတ်ပြုတာ မဟုတ်တဲ့အတွက် ဘိန်းစစ်ပွဲအပြီး ဗြိတိန် အစိုးရဆီ ဟောင်ကောင်ကို လက်လွှဲပေးလိုက်ရတာကို သမိုင်းစာအုပ်ထဲ ထည့်မသင်တော့ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းကြောင်းကို ဟောင်ကောင်က ကျောင်းသင်ရိုး စာအုပ်တွေထဲမှာ ပယ်ဖျက်ပစ်တော့မယ်လို့ သိရပါတယ်။

ဟောင်ကောင်မှာ တရုတ် အစိုးရကို ဖီဆန်တဲ့ ဒီမိုကရေစီရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အားကောင်းခဲ့တာနဲ့ ပတ်သက်လို့ သမိုင်းကြောင်း သင်ယူမှုတွေကို တရုတ် အာဏာပိုင်တွေက အပြစ်ဖို့ခဲ့ကြပါတယ်။ အခုအခါမှာတော့ တရုတ် အစိုးရဟာ အနာဂတ် ဟောင်ကောင် ကျောင်းသူကျောင်းသားတွေကို ကျွန်းနိုင်ငံရဲ့ သမိုင်းမှာ ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့ဖူးကြောင်း ထည့်သွင်း သင်ယူစေမှာ မဟုတ်တော့ကြောင်း ဒေသခံ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

တရုတ် အစိုးရ အနေနဲ့ ဗြိတိသျှတွေက ဟောင်ကောင်ကို သိမ်းပိုက်ခဲ့တာကို အသိအမှတ်ပြုတာ မဟုတ်တဲ့အတွက် ဘိန်းစစ်ပွဲအပြီး ဗြိတိန် အစိုးရဆီ ဟောင်ကောင်ကို လက်လွှဲပေးလိုက်ရတာကို သမိုင်းစာအုပ်ထဲ ထည့်မသင်တော့ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ်က ဟောင်ကောင်မှာ ဖြစ်ပွားတဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကိုလည်း ပြင်ပ အမှောင့် ပယောဂတွေရဲ့ တွန်းအားပေးမှုကြောင့် ပေါ်ပေါက်လာတဲ့ အုံကြွမှုအဖြစ် ပြောင်းလဲ ပုံဖော်စေမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဟောင်ကောင်ဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်ဆီက လွတ်လပ်ရေး ရပြီးနောက် တရုတ် အစိုးရ လက်အောက်ထဲ ပြန်လည် ပေါင်းစည်းခဲ့ပါတယ်။ မူလက ဟောင်ကောင်မှာ တရုတ်ထက် ပိုမို လွတ်လပ်ပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံရေး စနစ်မျိုး ကျင့်သုံးခွင့် ရခဲ့ပေမယ့် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအပြီး တရုတ်က ဟောင်ကောင်အပေါ် ပိုမိုတင်းကျပ်တဲ့ အုပ်ချုပ်မှု စနစ်မျိုး ကျင့်သုံးလာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် စစ်တပ်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ထိပ်တန်း အရာရှိ ၅ ဦးကို လွှတ်တော်ရဲ့ ဥပဒေပြု အစုအဖွဲ့ကနေ ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဟောင်ကောင်ရဲ့ ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ကို ထောင်ဒဏ် နှစ် ၂၀ စီရင် ချမှတ်လိုက်ပါတယ်။

သတင်း

အိမ်ရာ မီးလောင်မှုကြီးတစ်ခုနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့တဲ့နောက် ဟောင်ကောင်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်အားလုံး ငြမ်းဆင်ရာမှာ အသုံးပြုတဲ့ အစိမ်းရောင်ပိုက်တွေကို ဖယ်ရှားဖို့ ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

လူပေါင်း ၁၅၀ ကျော် သေဆုံးစေခဲ့တဲ့ အိမ်ရာ မီးလောင်မှုကြီးအပြီး ဟောင်ကောင် အာဏာပိုင်တွေဟာ လူ ၁၃ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။