Connect with us

Hi, what are you looking for?

သတင်း

ကသာနယ်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေ၍ ပြည်သူများဘေးလွတ်ရာရှောင်တိမ်းကြရန် သတိပေး

အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းများသည် ကသာမြို့ပေါ်မှ အင်အား ၁၀၀ခန့်ရှိစစ်ကြောင်းမှာ ပုလွှေရွှေရွာဘက်သို့လည်းကောင်း၊ အင်အား ၁၀၀ကျော်ပါအခြားစစ်ကြောင်းတစ်ခုမှာ ကျောက်ထုံးကြီးဘက်သို့လည်းကောင်း အသီးသီးထွက်ခွာနေသည်ဟု ဖော်ပြ သည်။

ကသာနယ်
ကသာနယ်

ကသာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၂၀၀ကျော်ဖြင့် ကျေးရွာများဘက်သို့စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေခြင်းကြောင့် ​ဒေသခံပြည်သူများဘေးလွတ်ရာကြိုတင်ရှောင်ရှားကြရန် ကသာမြို့နယ် (ပကဖ)က ယနေ့(ဇွန် ၁၉)အသိ ပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းများသည် ကသာမြို့ပေါ်မှ အင်အား ၁၀၀ခန့်ရှိစစ်ကြောင်းမှာ ပုလွှေရွှေရွာဘက်သို့လည်းကောင်း၊ အင်အား ၁၀၀ကျော်ပါအခြားစစ်ကြောင်းတစ်ခုမှာ ကျောက်ထုံးကြီးဘက်သို့လည်းကောင်း အသီးသီးထွက်ခွာနေသည်ဟု ဖော်ပြ သည်။

ပုလွှေရွှေကျေးရွာဘက်သို့သွားသော စစ်ကြောင်းသည် ယနေ့နေ့လယ် ၁ နာရီခွဲခန့်က ပုလွှေရွှေကျေးရွာဆိပ်ကမ်းအတက်တွင် လက်နက်ကြီးဖြင့် ရမ်းပစ်ရာ နေအိမ်တစ်လုံးပေါ်ကျပြီး အသက် ၃၀ကျော်အရွယ်အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးသွားကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့အပြင် အခြားစစ်ကြောင်းတစ်ခုသည်ပုလွှေရွှေကူးတို့ပိုင်ရှင် ဝင်းထွန်း၏ သံခွန်စက်လှေကြီးနှစ်စီးဖြင့် ကျောက်ထုံးကြီးဘက်သို့ ဆန်တက်လျက်ရှိရာ ဒုံးအော့ဆိပ်ကမ်းအနီးရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ကသာမြို့နယ် အရှေ့ဘက်ကမ်းပြည်သူများ အမြန်စစ်ဘေးရှောင်ပေးထားကြပါရန် ပန်ကြားအပ်ပါသည်။ လိုင်းရသူများ ကျွန်တော်တို့ Admin Team မှ နိူးဆော်ချက်အား ဒေသခံပြည်သူများအား ဖုန်းဖြင့်သော်၎င်း၊ အခြားနည်းဖြင့်သော်၎င်း သတင်းပေးပို့ပေးကြပါ ခင် ဗျာ”ဟု ကသာ(ပကဖ)မှ အသိပေးသည်။

ထို့ကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းများဦးတည်လာနိုင်သည့် ပုလွှေရွှေ၊ အင်းဒရံ၊ ဒုံးအော့၊ မြိုင်သာယာ၊ အထက်သဖန်းဒေါင့်၊ အောက်သဖန်းဒေါင့်၊ ရေနီ၊ ကျောက်ထုံးကြီး၊ နွယ်နီ ကျေးရွာများမှ ပြည်သူများအ​နေဖြင့် ဘေးလွှတ်ရာသို့ ရှောင်တိမ်းကြရန် နိူးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။