Connect with us

Hi, what are you looking for?

သတင်း

လေးကေ့ကော်ဒေသသို့ ထပ်မံစစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်ရှိ

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ဖြင့် ဝင်ရောက်လာသည့်အပေါ် ကော်ဘရာ စစ်ကြောင်းက စစ်ဗျူဟာကျကျ ခုခံနိုင်ခဲ့၍ စစ်ကောင်စီတပ်များ ယမန်နေ့ညသန်းခေါင်ကျော် အချိန်၌ ဖရိုဖရဲဆုတ်ခွာသွားသည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

လက်နက်ကြီးကျည်အချို့ ထပ်မံရရှိကြောင်း ကော်ဘရာစစ်ကြောင်း အသိပေး

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသရှိ တောင်ကုန်းတစ်ခုသို့ စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည် ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၉ရက်ညပိုင်းက လေးကေ့ကော်ရှိ တောင်ကုန်းတစ်ခုသို့ လက်နက်ကြီး ပစ်ကူရယူထိုးစစ်ဆင်ခဲ့သည့် စစ်ကောင်စီတပ်သည် ဇွန်လ ၃၀ရက် ညပိုင်းတွင်လည်း ထပ်မံ၍ဝင်ရောက်လာရာ ကော်ဘရာစစ်သည်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ဖြင့် ဝင်ရောက်လာသည့်အပေါ် ကော်ဘရာ စစ်ကြောင်းက စစ်ဗျူဟာကျကျ ခုခံနိုင်ခဲ့၍ စစ်ကောင်စီတပ်များ ယမန်နေ့ညသန်းခေါင်ကျော် အချိန်၌ ဖရိုဖရဲဆုတ်ခွာသွားသည်ဟု ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုအား အတည်ပြုနိုင်ရန် စိစစ်စုံစမ်းနေဆဲ ဖြစ်ပြီး ကော်ဘရာစစ်ကြောင်းမှ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကော်ဘရာစစ်ကြောင်းက နယ်မြေရှင်းလင်းရာ၌ စစ်ကောင်စီ၏ (၆၀) မမ ဗုံးသီး တစ်လုံး၊ RPG ပို့ယမ်း တစ်တောင့်၊ (၄၀) မမ ကျည် ၇လုံး၊ စက်လက်ကျည် ၉၉တောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂၉ရက် တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်အချို့ကို ကော်ဘရာ စစ်ကြောင်းက ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။