Connect with us

Hi, what are you looking for?

သတင်း

ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော်ကို စစ်ကောင်စီက မတရားဖမ်းဆီးပြီး ထောင်ဒဏ်(၈)နှစ်ချမှတ်

ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားသည် ပြီးခဲ့သည့် ၂၀၂၁ စက်ဘာလ ၂၄ ရက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်း ခံရပြီး ပုဒ်မ ၅၂(က)ဖြင့် ၅နှစ်၊ ၅၀၅(က) ဖြင့် ၃နှစ် စုစုပေါင်း ထောင်ဒဏ် (၈)နှစ်ကို မန္တလေးအိုးဘိုထောင်၌ ချမှတ်ခံထားရ​ခြင်း ဖြစ်သည်။

ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော်
ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော်

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားကို အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးပြီးနောက် ထောင်ဒဏ် (၈)နှစ် ချမှတ်ခဲ့ကြောင်း Yangon University of Education Students` Union က ယနေ့ (ဇူလိုင် ၆) တွင် ထုတ်ပြန်သည်။

ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားသည် ပြီးခဲ့သည့် ၂၀၂၁ စက်ဘာလ ၂၄ ရက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်း ခံရပြီး ပုဒ်မ ၅၂(က)ဖြင့် ၅နှစ်၊ ၅၀၅(က) ဖြင့် ၃နှစ် စုစုပေါင်း ထောင်ဒဏ် (၈)နှစ်ကို မန္တလေးအိုးဘိုထောင်၌ ချမှတ်ခံထားရ​ခြင်း ဖြစ်သည်။

ထို့အပြင် ယင်းထောင်ဒဏ်များအပြင် ရန်ကုန်မြို့တွင် ချမှတ်မည့် အမှုများကျန်ရှိနေ​သေးကြောင်းလည်း ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဖော်ပြထားသည်။

ကိုစိုးသူရကျော်သည် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌဟောင်းတစ်ဦး ဖြစ်သည့်အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပညာရေးသပိတ်စစ်ကြောင်းများကို ဦးဆောင်ခဲ့သူ၊ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ(BEGSC)၏ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ABFSU

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook