Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုက်ပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဒုံးကျည်အသစ်တွေ အမေရိကန် စမ်းသပ်အောင်မြင်

အမေရိကန် လေတပ်က ARRW စီမံကိန်းလို့ အတိုကောက် နာမည်ပေးထားတဲ့ စမ်းသပ်မှုမှာ ဟိုက်ပါဆောနစ် ဒုံးကျည်က ဘယ်လောက် ခရီးဝေးဝေး ပျံသန်းခဲ့သလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။ ARRWလိုပဲ OpFiresလို့ ကုတ်ဒ်နာမည် ပေးထားတဲ့ တခြား ဟိုက်ပါ ဆောနစ် ဒုံးကျည် တစ်စင်းကိုလည်း အမေရိကန် စစ်တပ်က စမ်းသပ် အောင်မြင်ခဲ့ပါတယ်။

ဟိုက်ပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဒုံးကျည်အသစ်တွေ အမေရိကန် စမ်းသပ်အောင်မြင်
ဟိုက်ပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဒုံးကျည်အသစ်တွေ အမေရိကန် စမ်းသပ်အောင်မြင်

အကြိမ်ကြိမ် ချွတ်ချော် ရှုံးနိမ့်ခဲ့တဲ့ ဖြစ်စဉ်တွေအပြီး အမေရိကန် စစ်တပ်ဟာ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တွေကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန် လေတပ်နဲ့ ကာကွယ်ရေး နည်းပညာ သုတေသန ပရောဂျက်တို့က သဘောသဘာဝ ကွဲပြားပေမယ့် ဟိုက်ပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဒုံးကျည်နှစ်မျိုးကို ဆက်တိုက် စမ်းသပ် အောင်မြင်ခဲ့တာလို့ ပြောပါတယ်။ ဟိုက်ပါဆောနစ် ဆိုတာက အသံထက် ၅ ဆကျော် ပိုမြန်အောင် ပျံသန်းနိုင်တဲ့ လက်နက်တွေကို ဆိုလိုပြီး လက်ရှိ ကမ္ဘာ့ လက်နက် အင်အားကြီး နိုင်ငံ လက်တဆုပ်စာလောက်သာ ဒီနည်းပညာအတွက် ပြိုင်ဆိုင်နိုင်စွမ်း ရှိကြပါတယ်။

လေတပ်က AGM-183A လို့ နာမည်ပေးထားတဲ့ ဝေဟင်က မြေပြင်ပစ် ဒုံးကျည်ကို အခု သီတင်းပတ် အစောပိုင်းမှာ နှစ်ကြိမ်ဆက်တိုက်အဖြစ် အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ အဲဒီမတိုင်ခင်က လေတပ်ရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် ပစ်ခတ်မှုတိုင်းက အရှုံးတွေနဲ့ချည်း ရင်ဆိုင်နေခဲ့ရတာပါ။

အခုစမ်းသပ်မှုဟာ AGM-183Aဟာ သတ်မှတ် မြန်နှုန်းဖြစ်တဲ့ Mach 5 (အသံထက် ၅ ဆ) ကျော်လွန်အောင် ပျံသန်းနိုင်ခဲ့တယ်လို့ လေတပ်က အတည်ပြုပါတယ်။ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ တရုတ်၊ ရုရှားတို့နဲ့ ပြိုင်ဆိုင်ဖို့အတွက် လေတပ်မှာ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တွေ ပိုင်ဆိုင်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်။ ရုရှားဆိုရင် ယူကရိန်းနဲ့ စစ်ပွဲမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းကို ပထမဆုံးအကြိမ် လက်တွေ့ အသုံးချပြီး တိုက်ခိုက်ခဲ့ပြီးပါပြီ။

Public Service Announcement

Public Service Announcement

အမေရိကန် လေတပ်က ARRW စီမံကိန်းလို့ အတိုကောက် နာမည်ပေးထားတဲ့ စမ်းသပ်မှုမှာ ဟိုက်ပါဆောနစ် ဒုံးကျည်က ဘယ်လောက် ခရီးဝေးဝေး ပျံသန်းခဲ့သလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။ ARRWလိုပဲ OpFiresလို့ ကုတ်ဒ်နာမည် ပေးထားတဲ့ တခြား ဟိုက်ပါ ဆောနစ် ဒုံးကျည် တစ်စင်းကိုလည်း အမေရိကန် စစ်တပ်က စမ်းသပ် အောင်မြင်ခဲ့ပါတယ်။

ဒီဒုံးကျည်ကတော့ မြေပြင် အခြေစိုက် ပစ်လွှတ်တာဖြစ်ပြီး ဟိုက်ပါ ဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ လေဟုန်စီး Glider ယာဉ်တစ်မျိုးပုံစံ ဖြစ်ပါတယ်။ အဲဒီ Gliderထဲမှာ ဒုံးကျည် ထိပ်ဖူးတွေ တပ်ဆင်ပြီး ဟိုက်ပါဆောနစ် ဒုံးကျည်အဖြစ် အသုံးပြုဖို့ ဖန်တီးထားတာပါ။ မေလတုန်းကလည်း ဒီလက်နက်ကို စမ်းသပ်ပစ်လွှတ်ဖူးပေမယ့် ဟိုက်ပါဆောနစ် မြန်နှုန်းထိတော့ မပျံသန်းနိုင်ခဲ့ပါဘူး။ အခုတော့ ARRWရော OpFiresပါ စစ်လက်နက် နည်းပညာ ကဏ္ဍမှာ ဂုဏ်ယူ ကျေနပ်လောက်စရာ အောင်မြင်မှု မှတ်တိုင်သစ်တွေကို စိုက်ထူနိုင်ခဲ့ကြောင်း ပင်တဂွန်က ကြေညာပါတယ်။

အမေရိကန်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ရုရှားက ဟိုက်ပါဆောနစ် ဒုံးကျည်တွေ စမ်းသပ် အောင်မြင်နေပြီလို့ ကြေညာထားပြီး တရုတ်ကလည်း တရားဝင် မထုတ်ပြန်ပေမယ့် နည်းပညာပိုင်း တိုးတက်မှုတွေ ရှိနေတယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယား အစိုးရကလည်း ဟိုက်ပါဆောနစ် ဒုံးကျည်နည်းပညာ မြှင့်တင်ရေး ကဏ္ဍမှာ ထဲထဲဝင်ဝင် ပါဝင်သွားမယ်လို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။